ခင်ဇာခြည်ကျော်ဟာ IGCSE စာမေးပွဲကို ဘာသာစုံနှစ်ချင်းပေါက် ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သားကြီး ဘုန်းမင်းနေလကို စင်ကာပူမှာ ကျောင်းထားမယ်လို့ဆိုပါတယ်။ သားအတွက် သူ့မှာ အိပ်မက်တွေ အများကြီးရှိတယ်လို့ဆိုပါတယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သရုပ်ဆောင်ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလဟာ IGCSE စာမေးပွဲကို ဘာသာစုံနှစ်ချင်းပေါက် ထူးထူးချွန်ချွန်အောင်မြင် ခဲ့တယ်လို့ သိရပါတယ်။ တက္ကသိုလ်တက်ရတော့မယ့် သားဖြစ်သူအတွက် ရင်ထဲက ဝမ်းသာပီတိစကားကိုလည်း မီဒီယာတွေကနေတဆင့် အခု လိုပြောပြခဲ့ပါတယ်။
'' သားသားက ယောကျ်ားလေးဆိုတော့ စာလုပ်အားနည်းတယ်လေ။ ဒါပေမယ့် သူဉာဏ်ကောင်းတယ်၊ စာလုပ်အားနည်းတယ်ဆိုပေမယ့် အမေက ဘေးကနေပြီးတော့ တဂျီဂျီနဲ့တွန်းနေရတဲ့ အခါမှာ သားက နှစ်ချင်းပေါက်အောင်တယ်၊ ပြီးတော့ အမှတ်ကလည်း မနည်းဘူးလေ သူ့ဟာလေးနဲ့သူ ကောင်းပြီးတော့ တက္ကသိုလ်တက်ရောက်တော့မယ့် သားတစ်ယောက်အတွက်ပျော်တာပေါ့နော်'' လို့ ဆိုပါတယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူ ဘုန်းမင်းနေလကို သြစတေးလျမှာ ကျောင်းထားချင်တဲ့ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သားကလည်း မိခင်ကို ကြာကြာမခွဲနိုင်တာကြောင့် သားအမိတွေ မကြာခဏ သွားလည်ခွင့်ရအောင်လို့ စင်ကာပူမှာပဲ ကျောင်းထားပေးမယ်လို့ ဆက်လက် ပြောပြလာပါတယ်။
'' သူက အဝေးကြီးမသွားချင်ဘူးတဲ့။ အစ်မက သြစတေးလျလောက်သွားပါလား ဆိုတာကို သူက အမေနဲ့လည်း မခွဲနိုင်ဘူး သူကျောင်းသွား တက် ရင် တောင် မေမေက သားနဲ့ ၂ လလိုက်နေမှာ လား ၃ လလိုက်နေမှာလား မေးတယ်။ စင်ကာပူဆိုရင်တော့ အစ်မတို့လည်း ခဏခဏ သွားလို့ရတော့ အဲ့ဒါကြောင့် စင်ကာပူ မှာပဲ ကျောင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။
သားဖြစ်သူကို ရုပ်ရှင်ရိုက်ခွင့်မပြုသေးဘူးဆိုတဲ့ ခင်ဇာခြည်ကျော်
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သားကြီးဘုန်းမင်းနေလ အတွက် ခင်ဇာခြည်ကျော်မှာ အိပ်မက်တွေရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ရတော့မယ့် သား တစ်ယောက်အတွက် မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကား အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။
'' သားအတွက် အစ်မရဲ့ အိပ်မက်က ပညာတက်တစ်ယောက်ဖြစ်ရမယ်။ တကယ်လို့များ သူသည် အနုပညာသမားတစ်ယောက်ဖြစ်လာခဲ့မယ် ဆိုရင်လည်း အစ်မပျော်မှာပါ။ ဒါကလည်း ကောင်းသောခွဲခြင်းပါ သူတို့ရဲ့ ပညာရေးအတွက်၊ သူတို့ ပညာတက်တွေဖြစ်ဖို့အတွက် ခဏခွဲရ တာပဲလေ။ အဲ့ဒီအတွက် စိတ်တော့ဘယ်ကောင်းမလဲနော်။ ဒီသားအမိတွေပဲ ရှိတာကို လွမ်းတော့ လွမ်းနေမှာပေါ့'' လို့ ပြောပါတယ်။
Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်
သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင် သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသား တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။