ဇနီးချောလေးက ဘာလက်ဆောင်ပေးမလဲ။

နန်းမြတ်ဖြိုးသင်းက ဒီနေ့မှာကျရောက်တဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးအတွက် မွေးနေ့ဆုတောင်းစကားတွေကို ပြောပြလာ ပါတယ်။ နန်းမြတ် ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် ကိုတာတာမျိုးတစ်ယောက်ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ ဆုတောင်းစကားတွေပြောထားတာကို တွေ့ရပါတယ်။ သူမအနေနဲ့ နာမည်ကျော် အမှတ်တံဆိပ်ပါတဲ့ကျောပိုးအိတ်ကို လည်း မွေးနေ့လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

'' Happy birthday chit sone, မွေးနေ့မှစကျန်းမာချမ်းသာလို့လိုရာဆန္ဒတွေလဲပြည့်ပါစေ။ မိဘကိုလဲသိတတ်တဲ့သားကောင်း ရတနာလေး ဖြစ်ပါစေ။ မိန်းမကိုလဲပိုချစ်နိုင်ပါစေ။ happybirthday  mylove'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်

 

ခင်ပွန်းအတွက် မွေးနေ့လက်ဆောင်ကိုတော့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ salvatore ferragamo အမှတ်တံဆိပ်ရှိတဲ့ ကျောပိုးအိတ် တစ်လုံး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ နန်းမြတ်ရဲ့ လက်ဆောင်ကြောင့်လည်း ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက ပျော်ရွှင်နေတာကို တွေ့ရ ပါတယ်။ အနုပညာလောကထဲက အပေါင်းအသင်း သူငယ်ချင်းတွေကလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်

မွေးနေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း  

နန်းမြတ်ဖြိုးသင်းဟာ ပထမဆုံး ရင်သွေးလေး လွယ်ထားနေရပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးက အခုဆိုရင် ၄ လထဲကို ရောက် နေပြီဖြစ်ပါတယ်။ Ultrasound ရိုက်တဲ့ အချိန်မှာ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို ကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေခဲ့ရတယ်လို့ သူမက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"ရင်သွေးရှိတာကတော့ တစ်လလောက်ကတည်းက သိတာပေ့ါနော်။ အခုချိန်မှာတော့ ဆရာဝန်ညွှန်ကြား တဲ့ အတိုင်းနေတယ်။ Ultrasound ရိုက်လိုက်တော့ လူပုံစံလေးပေါ်တော့ တွေ့လိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာနဲ့မှ မတူဘူး။ မျက်ရည်တောင်ဝဲတယ်။ ကိုယ့်ဆီမှာ လူလေး တစ် ယောက် ရှိနေတယ်၊ နှလုံးခုန်သံလည်း ကြားနေရပြီ။  အဲ့အသံက နားထောင်ရင်း ကိုယ်လည်း ရင်ခုန်တယ်။ " ဆိုပြီး စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ Clinque ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်

 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က