ပရိသတ်အားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ထွန်းထွန်းနဲ့ ဆုစန္ဒီဦးတို့ကတော့ ချစ်သူသက်တမ်း ၁ နှစ်နဲ့ ၃ လကျော်ခဲ့ ပြီလို့ ဆိုပါတယ်။ ထွန်းထွန်းတစ်ယောက် ချစ်သူလေးကို အရမ်းချစ်တဲ့အကြောင်းတွေ အခုလို ပြောပြလာပါတယ်။
Photo: Tun Tun Instagram
အဆိုတော် ထွန်းထွန်းနဲ့ ဆုစန္ဒီဦး တို့ ချစ်သူနှစ်ဦးကတော့ အောက်တိုဘာလ ၁၈ ရက်နေ့က ချစ်သူ သက်တမ်း ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီလို့ သိရပါတယ်။ လက်ရှိချစ်သူလေး အတူ ထွန်းထွန်းရဲ့ အချစ်လမ်းခရီးကလည်း အရမ်းကို ပျော်ရွှင်စရာကောင်းပြီး သာယာဖြောင့်ဖြူးနေတာ ကို တွေ့ရပါတယ်။
'' အတူတူရှိတာ ရက်ပေါင်း ၄၇၀ အခုထက်ပိုပြီး အရာရာကို ဂရုတစ်စိုက်နဲ့ ချစ်သွားပါ့မယ် သဲပိစိလေးရေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ထွန်းထွန်းရဲ့ Instagram ဖြစ်တဲ့ Tun Tun Examplez ရဲ့ My Story မှာ တင်ထားတာကို တွေ့ရပါတယ်။ ထွန်းထွန်း က သူ့ရဲ့ အချစ်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။
ထွန်းထွန်းဟာ ချစ်သူကောင်မလေးနဲ့ ပုံတွေတင်တိုင်း အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။သူ့ရဲ့ အမှန်တကယ်ပျော်ရွှင်မှုတွေကိုလည်း ပရိသတ်တွေက မြင်နိုင်မှာပါဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ကား ကန်တော့ပွဲပေးအခမ်းအနားမှာ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
'' သူနဲ့တွေ့ရင် ပျော်နေတဲ့ စိတ်ကိုအထင်းသားမြင်နိုင်ပါတယ်။ လူတစ်ယောက်ကလေ ကိုယ့်ရဲ့တွန်းအားပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုတွေဟာ အရာအာလုံးအတွက် အရေးပါတယ်။ ကိုယ့်အတွက် တွန်းအားဖြစ်စေတာက ဘယ်အရာတွေလည်း၊ တွန်းအားမဖြစ်တဲ့အရာတွေက ဘယ်ဟာ တွေလည်းဆိုတာကို ခွဲခြားပြီး ဖယ်ထုတ်နိုင်ရင်တော့ လူတစ်ယောက်မှာ ပျော်စရာတွေပဲရှိမယ်လို့ မြင်တယ်'' လို့ ပြောပါတယ်။
Photo:Su Sandi Oo Instagram
ပျော်စရာတွေ ပြည့်နေတဲ့ အချစ်ရေးအကြောင်း ပြောလာတဲ့ ထွန်းထွန်း
သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတာကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကို ခံထားရတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ ထွန်းထွန်းကိုတော့ ချစ်သူကောင်မလေးက ''ကိုကို'' လို့ခေါ်သလို ထွန်းထွန်းကတော့ ချစ်သူလေးကို ''သဲပိစိလေး'' ဆိုပြီး ချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်။
'' ကျွန်တော့်ကို ပြောကြတယ် အခုမှ အချစ်စစ်တွေ့တာလားပေါ့။ ကျွန်တော် ပြောချင်တာကတော့ ဗလတောင်ဖို့ လေ့ကျင့်ချင်တဲ့ လူ တစ် ယောက် က ဗလတောင့်ဖို့ အအိပ်၊ အစားမှန်ရတယ်၊ လေ့ကျင့်ခန်းလုပ်တာ မှန်ရတယ်။ အကုန်မှန်မှ တင့်တင့်တယ်တယ် ကြွက်သားတွေ ထွက်လာမယ်။ ကျွန်တော့်အနေနဲ့ ဒီအရွယ်ကြီးကျမှ ချစ်တယ်ဆိုတာကလည်း အကုန်စုပြုံပြီး မှန်သွားလို့တော့ ထင်တယ်'' လို့ ဆိုပါတယ်။
Photo: Tun Tun Instagram
ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။