ယောကျ်ားထုကြီးကို မျက်ရည်မကျစေချင်ဘူး။

ပိုပိုတစ်ယောက် ယောကျ်ားထုကြီးကို မျက်ရည်မကျစေလျင်လို့ ချစ်သူမထားသေးဘူးလို့ ပြောပြလာပါတယ်။ လက်ရှိမှာ သူမက ဥပဒေမေဂျာ အဝေးသင် တက်ရောက်နေသူဖြစ်ပါတယ်။

Photo: ပိုပိုဖေ့စ်ဘွတ်

 

အရင်ကနဲ့မတူအောင် အရမ်းကိုလှပလာခဲ့တဲ့ ပေါ့ခ်အဆိုတော်မလေး ပိုပိုက အခုချိန်ထိ ချစ်သူမထားဖြစ်သေးတဲ့အကြောင်းကို ပြောပြ လာပါတယ်။ လက်ရှိမှာလည်း ကျောင်းသူလေး ပိုပိုက ပညာရေးအပိုင်းမှာလည်း ကြိုးစားနေသူဖြစ်သလို ဂီတဘက်မှာလည်း ပရိသတ်တွေ အတွက် သီချင်းတွေ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။

'' မတ်မတ်ပို အခုထိ ရည်းစားမထားရခြင်း အကြောင်းမှာ ကိုယ့်အတွက်ကြောင့် နှလုံးသားနနယ်သော ယောကျားထု ကြီးကို မျက်ရည် မကျစေချင်ဘူး လေ စေတနာပါ '' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ပိုပိုဖေ့စ်ဘွတ်

ကဗျာစာအုပ်နဲ့ ပတ်သက်ပြီး ဒီဇိုင်နာကို ပြန်တောင်းပန်လိုက်တဲ့ ပိုပို

ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo: ပိုပိုဖေ့စ်ဘွတ်

 

ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။

Photo: ပိုပိုဖေ့စ်ဘွတ်

 

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်း လည်း ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD နဲ့ MTV တို့ကိုလည်း အောင်အောင်မြင်မြင် ထွက်ရှိနိုင်ခဲ့တာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က