ဈေးကွက်ထဲက နာမည်ကြီးစမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့စမတ်ဖုန်းအသစ်တွေကို ဖက်ရှင်ကျနလှပဖို့ အမြဲတမ်းအလေးထားလုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဇိုင်းဆန်းသစ်လှပပြီး စတိုင်လ်ကျတဲ့စမတ်ဖုန်းတစ်ခုရဲ့ နောက်ကွယ်က ဒီဇိုင်းဖီလိုဆိုဖီဆိုတာ အရောင်နဲ့ အပြင်ပန်းမြင်တွေ့ရတဲ့ပုံစံထက်အများကြီးပိုမိုနက်ရှိုင်းပါတယ်။ စမတ်ဖုန်းရဲ့ ထိတွေ့အာရုံခံမှု၊ ကိုင်တွယ်လိုက်တဲ့အချိန်မှာပေးစွမ်းတဲ့ခံစားမှု နဲ့ ဖုန်းရဲ့တည်ဆောက်မှုပုံသဏ္ဍာန် တို့ဟာလည်း စမတ်ဖုန်းအသုံးပြုတဲ့သူကို အကန့်အသတ်မဲ့ခံစားအသုံးပြုမှုအတွေ့အကြုံပေးစွမ်းနိုင်ဖို့ အဓိက အချက်တွေထဲမှာ ပါဝင်လို့နေပါတယ်။
စမတ်ဖုန်းတစ်လုံးတည်ဆောက်တည်ဆိုတာ လွယ်ကူရိုးရှင်းတဲ့လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ အပြင်ပိုင်းမြင်တွေ့ရမှုရဲ့ နောက်ကွယ်မှာ ပညာသားပါလှတဲ့ အဆင့်မြင့်နည်းပညာအစိတ်အပိုင်းတွေကိုအချိုးကျကျတီထွင်ဖန်တီးမှုရှိရှိပေါင်းစပ် ထားမှုရှိတွေရှိနေပါတယ်။
အသစ်ထွက် Vivo V11 စမတ်ဖုန်းမှာဆိုရင် အသုံးပြုမယ့်သူတွေရဲ့ လိုအပ်ချက်တွေအားလုံးကို အသေးစိတ်ကအစ ကြိုတင်ခန့်မှန်းထည့်သွင်းတွက်ချက်နိုင်ဖို့ အားထုတ်ထားတာကိုတွေ့ရမှာပါ။ ဖုန်းရဲ့အစိတ်အပိုင်းတိုင်းကို ဂရုတစိုက် ချိန်ဆဖန်တီးထားကာ နည်းပညာနဲ့ဖက်ရှင်တို့ အချိုးကျကျအနုပညာမြောက်စွာပေါင်းစပ်မှုရဲ့ရလဒ် လက်ရာတစ်ခုလို့ တင်စားရမှာပဲ ဖြစ်ပါတယ်။
မျက်နှာပြင်အရွယ်အစားရဲ့အရေးပါမှု - 19:5:9 အချိုးနဲ့ ၆.၄၁ လက်မ Super AMOLED Halo FullView မျက်နှာပြင်က ပေးစွမ်းမယ့် အကန့်အသတ်မဲ့ခံစားအသုံးပြုမှုအတွေ့အကြုံ
စမတ်ဖုန်းတစ်လုံးရဲ့မျက်နှာပြင်အရွယ်အစားက တကယ့်ကိုအရေးကြီးပါတယ်။ မျက်နှာပြင်ကျယ်လေလေ မြင်တွေ့ခံစားရတဲ့အတွေ့အကြုံကလည်း ပိုပြီးစစ်မှန်လေလေပါပဲ။ V11 မှာ ၁.၇၆ မီလီမီတာပဲရှိတဲ့ဘေးဘောင်နှစ်ဖက်၊ ၃.၈ မီလီမီတာ အောက်ဘက်ဘောင်တို့နဲ့ဖြစ်တာကြောင့် မျက်နှာပြင်နဲ့ကိုယ်ထည်အချိုး ၉၁.၂၇ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါ့အပြင် Vivo ဟာ V11 ရဲ့ Notch ကိုအသေးဆုံးအရွယ်အစားထိအောင်အောင်မြင်မြင်လျှော့ချနိုင်ခဲ့ပြီး တစ်ခုတည်းသော 25 MP Selfie ကင်မရာသာပါဝင်လာပါတော့တယ်။တပြိုင်နက်တည်းမှာ earpiece ကိုလည်းဖုန်းရဲ့ထိပ်ကို ရွှေ့လိုက်နိုင်တာ ကြာင့် မလိုအပ်တဲ့နေရာယူမှုတွေကိုလျှော့ချလိုက်နိုင်ပြီး Selfie ကင်မရာပါဝင်သလို တပြိုင်နက်တည်းမှာ မျက်နှာပြင်ပြည့်အတွေ့အကြုံကို ခံစားရရှိစေမှာပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ စမတ်ဖုန်းနဲ့ ဗွီဒီယိုကြည့်ရှုသူတွေများလာတာကြောင့် တောက်ပစိုပြေပြီးစစ်မှန်တဲ့ ရုပ်ထွက်ကိုပေးစွမ်းနိုင်ဖို့ ဟာလည်း အခရာကျတဲ့အချက်ပါပဲ။ Vivo V11 မှာ Super AMOLED ရုပ်ထွက်နည်းပညာကိုထည့်သွင်းပေးထားတာ ကြောင့် မျက်စိပသာဒဖြစ်စေပြီး စစ်မှန်တဲ့အရောင်အသွေးတွေကို တွေ့ကြုံခံစားရမှာပဲ ဖြစ်ပါတယ်။
မျက်နှာပြင်နဲ့ ကိုယ်ထည် အချိုးအစား
စမတ်ဖုန်းတစ်လုံးကိုလေ့လာတဲ့အခါ မျက်နှာပြင်နဲ့ ကိုယ်ထည် အချိုးအစားကို ဘယ်လိုမှကျော်သွားလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မျက်နှာပြင်ကျယ်ကျယ်ပါဝင်ပေမယ့် စမတ်ဖုန်းအရွယ်အစားက အကြီးကြီးဖြစ်နေရင် ကိုင်တွယ်ရ တာဘယ်လိုမှသက်သောင့်သက်သာရှိမှာမဟုတ်လို့ပါ။ Vivo ကတော့ ဒီအချက်ကိုအထူးဂရုစိုက်ပြီး ကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့အတူ လက်ထဲမှာသက်သောင့်သက်သာကိုင်ထားလို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်အောင်၊ တပြိုင်တည်းမှာပဲ ဒီနေ့ခေတ် နည်းပညာမြင့်စမတ်ဖုန်းတွေရဲ့လုပ်ဆောင်ချက်တွေလည်းပါဝင်နေအောင် ဆန်းသစ်တီထွင်မှုရှိရှိ ဖန်တီးလိုက်နိုင်ပါတယ်။ ဒီလိုတီထွင်ဖန်တီးမှုကနေတဆင့် ရှုပ်ထွေးလှတဲ့နည်းပညာအခက်အခဲတွေကိုကျော်လွှားကာ In Display Fingerprint ကိုထည့်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ဖန်သားပြင်အောက်ကနေအလုပ်လုပ်နိုင်တဲ့ Sensor တွေကိုလည်းဖန်တီးထည့်သွင်း နိုင်ခဲ့ပါသေးတယ်။ ဒီလိုတီထွင်ဖန်တီးမှုတွေရဲ့ရလဒ်အဖြစ် ဖက်ရှင်ကျလှပသလောက် မြင့်မားတဲ့နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ V11 ထွက်ပေါ်လို့လာတာပဲ ဖြစ်ပါတယ်။
နည်းပညာဖက်ရှင်ကို နောက်တစ်ဆင့်မြှင့်တင်လိုက်တဲ့ ချောမွေ့တောက်ပြောင်နေတဲ့ကျောဘက်ကာဗာ ဒီဇိုင်း
စမတ်ဖုန်းတစ်လုံးရဲ့နောက်ကျောဘက်ဟာလည်း အရှေ့ဘက်လိုပဲ အရေးပါလှတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒီကျောဘက်ဒီဇိုင်းက လူတစ်ယောက်ရဲ့နေ့စဉ်ဘဝပုံသဏ္ဍာန်ကိုတောင် ထင်ဟပ်နိုင်ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတစ်လုံး ရွေးချယ်ရာမှာ ကျောဘက်ခြမ်းကို သိပ်ဂရုမပြုမိတတ်ကြပါဘူး။ ဖုန်းကာဗာအမျိုးမျိုးကိုဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တာ ကြောင့် ကိုယ်လိုချင်တဲ့ဒီဇိုင်းကိုရွေးလို့ရတာပဲလို့ ခပ်ပေါ့ပေါ့တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ ဖုန်းကာဗာတပ်လိုက်တဲ့အခါ ဖုန်းရဲ့မူလလှပတဲ့ဒီဇိုင်းပျောက်သွားနိုင်ပြီး ကိုင်ရတာထူထူပိန်းပိန်းကြီးလည်း ဖြစ်သွားနိုင်ပါတယ်။ V11 မှာတော့ ချောမွေ့တောက်ပြောင်ပြီး ခေတ်မီလှပတဲ့ကျောဘက်ကာဗာကို အနုပညာမြောက်အောင်ဂရုတစိုက်ဖန်တီးပေးထားပြီး ကိုင်တွယ်ရာမှာ အလွယ်တကူလွတ်ကျတာမျိုးမဖြစ်စေဘဲ မြဲမြဲမြံမြံရှိအောင်ပါ ဖန်တီးပေးထားပါတယ်။
Vivo V11 ကိုခေတ်ရှေ့ပြေးပြီး တောက်ပြောင်လှပနေတဲ့ အရောင် ၂ မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပထမအရောင် တစ်မျိုးက Starry Night ဖြစ်ပြီး အမှောင်ထဲမှာ ရွှန်းစိုနေတဲ့ကြယ်တာယာတွေကပေးစွမ်းတဲ့ခံစားချက်ကမှတဆင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Nebula ပါ။ စကြဝဠာကြီးထဲက တကယ့် Nebula ကြီးတွေရဲ့ အလှတရားလို အပြာနဲ့ခရမ်း ၂ ရောင်ပြေးနေတဲ့ ဆန်းကြယ်တဲ့အလှတရားကိုပေးစွမ်းနေတာကို မြင်သူတိုင်းခံစားမိမှာပဲ ဖြစ်ပါတယ်။
ဒီလို နည်းပညာနဲ့ဖက်ရှင် အနုပညာမြောက်စွာပေါင်းဖက်မှုတွေဟာ စမတ်ဖုန်းအသုံးပြုသူတွေကို အကန့်အသတ်မဲ့ခံစား အသုံးပြုမှုအတွေ့အကြုံပေးစွမ်းဖို့ Vivo ကကြိုးစားအားထုတ်ထားမှုတွေကို သက်သေပြလို့နေပါတယ်။အဲဒီလိုပဲ V11 ဟာ လည်း ဖက်ရှင်ကျလှပမှုအတွက် နည်းပညာပိုင်းမှာလျှော့ချလိုက်တာမျိုးမလုပ်သလို မြင့်မားတဲ့နည်းပညာတွေပါဝင်ဖို့ အတွက် ဖက်ရှင်ကျလှပမှုကိုအထိခိုက်ခံလိုက်ရတာမျိုးလည်းမရှိရအောင် Vivo ရဲ့ တီထွင်ဆန်းသစ်ပြောင်းလဲမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခု ဖြစ်ကြောင်းပေါ်လွင်လို့နေပါတော့တယ်။