ငွေမှုံရတီ က အချစ်ရေး တည်ငြိမ်နေပြီဖြစ်တဲ့ ရွှေမှုန်ရတီအကြောင်းတွေ ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း မိန်းက လေး တစ်ယောက် ဖြစ်တာကြောင့် ယောကျ်ားလေးကိုပဲ ချစ်သူတော်မယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် ငွေမှုံရတီက အစ်မဖြစ်သူ ရွှေမှုံရတီရဲ့ စိတ်နေစိတ်ထားကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ စိတ်နေ စိတ်ထား ကွာခြားမှုတွေမှာလည်း ရွှေမှုံကို လေးစားမိတဲ့ အကြောင်းတွေကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
'' လူတွေပြောတာမှန်တယ် သူက အရမ်းကို စိတ်မာတယ်။ ညီမက မရဘူး တစ်ခုခုဆို စိတ်တိုလွယ်တယ်၊ စိတ်ဆိုးလွယ်တယ်၊ သူကတော့ မဟုတ်ဘူး ငါ့ကို အဲ့လိုပြောထားပါလား ဆိုပြီးတော့ သူကြည့်တယ်။ ပြီးရင် ကျော်သွားတယ် နင့်စိတ်ကိုတော့ ငါတကယ်လေးစားတယ်လို့ အဲ့ဒီအချိန်မှာ သမီးသာဆို ဘယ်လိုတွေ သွေးတွေတိုးနေမလဲမသိဘူး'' လို့ သူကဆိုပါတယ်။
ငွေမှုံရတီဟာ ရွှေမှုံရတီ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒါပေမယ့် အစ်မဖြစ်သူရဲ့ အချစ်ရေးအပေါ် အားမကျဘူးဆိုတာကို အောက်တိုဘာလ ၂၀ ရက်နေ့က မင်းသမီးပိုးထည်တိုက် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' သူအခု ကံကောင်းနေပါပြီ။ တည်လည်း တည်ငြိမ်နေပြီ ပျော်လည်း ပျော်ရွှင်နေပြီဆိုတော့ ဒီဘဝလေးကိုပဲ ဆက်လက်ထိန်းသိမ်း ထားစေ ချင်ပါတယ်။ ကိုယ်ကလည်း အားမကျပါဘူး ငွေမှုံရတီတို့က ငြိမ်ငြိမ်ပဲ။ ရည်းစား ထားချင်စိတ်မရှိသေးတာ။ ရည်းစား ထားချင်ရင် ထားမှာ ညီမရည်းစားထားလို့ရှိရင် တစ်လောကလုံးသိတယ်'' ရယ်ရယ်မောမော ပြောပြခဲ့တာပါ။
အစ်မဖြစ်သူနဲ့တွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်မယ့် ငွေမှုံရတီ
ငွေမှုံရတီဟာ ခန္ဓာကိုယ်တောင့်တင်းပြီး အရပ်ရှည်တဲ့သူဖြစ်ပါတယ်။ သူမဟာ အစစအရာရာ ယောကျာ်းလေး ဆန်ဆန် နေတတ်တာကြောင့် လည်းသူ့ကို မိန်းမအစစ်ရော ဟုတ်ရဲ့လားလို့ ပရိသတ်တွေက မကြာခဏ မေးလေ့ရှိပါတယ်။ ဒီအကြောင်းအရာကိုတော့ မီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်းဖြေဆိုလိုက်ပါပြီ။
'' ညီမက မိန်းမအစစ်၊ လုံးဝကိုအစစ် ယောကျ်ားပဲ စိတ်ဝင်စားတာပေါ့။ ဒါပေမယ့် ညီမက ယောကျ်ားလေးဆန်တာ ငယ်ငယ်လေးကတည်းက အပင်ပေါ်တက်တယ်။ ဘောင်းဘီအတိုနဲ့ မျောက်လိုပဲ ရပ်ကွက်ထဲမှာ လျှောက်သွားတယ်။ ပြီးရင် ကြိုးလေးဆွဲပြီး ပိုက်ဆံ တစ်ရာလောက် ဆိုပြီးတော့ တောင်းတယ်။ မနက် ၉ နာရီကနေ ည ၉ နာရီမှ အိမ်ပေါ်ပြန်တက်တာ'' လို့ ဆိုပါတယ်။
ငွေမှုံရတီဟာ ဗီဒီယို ဇာတ်ကားတော်တော်များများကို လက်ခံရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ် သူ ရွှေမှုံကလည်း အောင်မြင်သလို ညီမဖြစ်သူ ငွေမှုံကလည်း အထိုက်အလျောက်အောင်မြင်နေပါပြီ။ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကလည်း အရမ်းကို အားပေးချစ်ခင်ကြပါတယ်။