ဘယ်လိုတွေတောင် မိုုက်နေလဲကွယ်။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ လက်ရှိမှာ ဂျပန်ရောက်နေတယ်လို့ သိရပါတယ်။ နန်းဆုမောင်လေး ရှိတဲ့ ဂျပန်ကို သူတို့ချစ်သူနှစ်ဦးအလည်သွားနေတာ ဖြစ်ပါတယ်။



Photo : Maung koe (နန်းဆု FB)

 

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ လက်ရှိမှာ ဂျပန်ရောက်နေတယ်လို့ သိရပါတယ်။ နန်းဆုမောင်လေး ရှိတဲ့ ဂျပန်ကို သူတို့ချစ်သူနှစ်ဦးအလည်သွားနေတာ ဖြစ်ပါတယ်။

ဒီနေ့(အောက်တိုဘာ ၂၁ရက်)မှာလည်း နန်းဆုရတီစိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဂျပန်မြို့ရဲ့ လမ်းမထက်မှာ လန်းနေတဲ့ သူတို့ရဲ့ ပုံရိပ်လေး တွေကို ပရိသတ်တွေအတွက် တင်ပေးထားတာတွေ့ရပါတယ်။

Photo : Maung koe (နန်းဆု FB)

 

ပုံလေးတွေ တင်ရင်းနဲ့ "ကိုယ်ရယ် သူ ရယ် မောင်လေးရယ်" ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားပါသေးတယ်။ ဂျပန်မြို့ရဲ့ လမ်းမထက် ပေါ်မှာ လန်းနေတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ပုံလေးတွေက လုံးဝကို အမိုက်စားပါပဲ။ ပရိသတ်တွေကတော့ သူတို့ရဲ့ ပုံလေးတွေကို ကြည့်ပြီး အားကျနေကြပါတယ်။

အရမ်းကို ရိုလွန်းတဲ့ သူတို့ စုံတွဲလေးကိုလည်း အားကျရတဲ့ ပရိသတ်တွေ အများကြီးပါ။ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖိုု့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်။

Photo : Maung koe (နန်းဆု FB)

မိခင်ရဲ့ မွေးနေ့မှာ မိသားစုအလှူလေး ပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာ ချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

Photo : Maung koe (နန်းဆု FB)

 

မကြာသေးခင်ကည်း G Fatt ရေးပေးထားတဲ့ "မေမေဆူမှာစိုးလို့" ဆိုတဲ့ သီချင်းသစ်လေးကိုလည်း အွန်လိုင်းကနေ ပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။ အဲ့ဒီသီချင်း MTV လေးဟာလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားခဲ့ပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက် တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က