ချစ်သုဝေက သမီးလေးတွေစားဖို့အတွက် ကိုယ်တိုင် ဟင်းချက်တာ၊ မုန့်လုပ်တာတွေ အမျိုးစုံအောင် လုပ်ကျွေးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ အစားအစာတွေကိုလည်း ခေတ်နဲ့ သစ်တို့က ကြိုက်နှစ်သက်တာဖြစ်တဲ့အပေါ် သူ့ရဲ့ ခံစားချက်တွေကို ပြောပြ လာပါတယ်။
Photo: ချစ်သုဝေဖေ့စ်ဘွတ်
ချစ်သုဝေ က သူ့ရဲ့ တစ်နေ့တာမှာ သမီးလေး ခေတ် နဲ့ သစ်တို့နဲ့အတူ အချိန်တွေ ကုန်နေရရင် ကျေနပ်နေသူဖြစ်ပါတယ်။ သူဟာ သမီးလေး တွေရဲ့ ကျန်းမာရေးကိုလည်း အရမ်းဂရုစိုက်တတ်သူဖြစ်တာကြောင့် ဟင်းချက်တာ၊ မုန့်ကျွေးတာက အစ သူ့လက် နဲ့ကိုယ်တိုင်လုပ်ပြီးမှ ကျွေးလေ့ရှိတယ်ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
'' မမက ဟင်းချက်တာလည်း ဝါသနာပါတယ်။ မုန့်တွေလုပ်တာလည်း ဝါသနာပါတယ်။ ငယ်တုန်းမှာလည်း အခုခေတ်က ဆိုးဆေးတွေ လည်း များ ဆိုတော့ သူတို့ကို အဲ့လို မကျွေးချင်ဘူး။ အဲ့ဒီတော့ မမ အသိညီမလေးကလည်း ပေါင်မုန့်ဖုတ်တာ အရမ်းတော်တယ်။ သူလုပ်ထားတဲ့ မုန့် လေးတွေကလည်း အရမ်းကောင်းတယ်၊ သမီးလေးတွေကို အဲ့ဒီလို လုပ်ကျွေးဖို့ စိတ်ကူးထားတာကြာပြီ အခုမှ အကောင်အထည်ဖော်ဖြစ်သွား တာပါ''လို့ ဆိုပါတယ်။
Photo: ချစ်သုဝေဖေ့စ်ဘွတ်
မေမေ ချစ်သုဝေ လုပ်ပေးတဲ့ ပေါင်မုန့်တွေကိုလည်း မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့ ညီအစ်မနှစ်ယောက်က နှစ်သက်စွာ စားသုံးလေ့ရှိ တယ်လို့ ဆိုပါတယ်။ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေနဲ့ ကြိုးကြိုးစားစားလုပ်ထားတဲ့ မုန့်လေးတွေကို သမီးလေးတွေ ကြိုက်နှစ်သက်တာ ကြောင့် ဒီလို ခံစားချက်ကို ပြောပြလို့တောင် မရဘူးလို့ ဆိုပါတယ်။
'' သူတို့က အရမ်းစားကြတယ်၊ ဂျုံတို့ ဆန်တို့နဲ့လုပ်တဲ့ အရာမှန်သမျှ သူတို့ကြိုက်တယ်။ ပီတိဖြစ်တာပေါ့နော် အလွယ်လေး ဝယ်ကျွေးလို့ ရ တာထက် ကိုယ်ကိုယ်တိုင် အစအဆုံး လုပ်တဲ့အရာလေးတွေကို သူတို့က ကျေကျေနပ်နပ်လေး စားလိုက်ရင် ရင်ထဲမှာ ဘယ်လိုမှန်းမသိဘူး ပြောရခက်တယ်။ သူတို့ မစားရင် မမ မျက်ရည်တောင် ဝိုင်းတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ချစ်သုဝေဖေ့စ်ဘွတ်
ပေါင်မုန့်ကြိုက်တဲ့ သမီးလေးတွေအတွက် လက်စွမ်းပြနေတဲ့ မေမေချစ်သုဝေ
ချစ်သုဝေဟာ အမေတစ်ယောက် ဖြစ်လာချိန်မှာ မိခင်ဖြစ်သူအပေါ် အများကြီး နားလည်မှုတွေရှိလာတယ်လို့ ဆိုပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ခံစားချက်တွေကို အောက်တိုဘာလ ၁၆ ရက်နေ့က Gatsby ပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' အမေတစ်ယောက်ရဲ့ ခံစားချက်တွေကို ကိုယ်အမေဖြစ်မှ နားလည်လာတာပေါ့နော်။ မမတို့ ငယ်ငယ်တုန်းကလည်း မေမေက အဲ့ဒီအတိုင်းပဲ ဘယ်အစားအစာကိုမှ အပြင်က သိပ်မကျွေးဘူး။ အိမ်မှာ အကုန်လုံး လုပ်ပေးတာပေါ့နော်။ အဲ့ဒီအခါကျတော့ နည်းနည်းငြိုငြင်ပြီးတော့ အမေ ကလည်း အပြင်အစာကို မစားရတော့ဘူး သူပဲ အကုန်လုပ်ပေးချင်တယ် အခုမှပဲ နားလည်တော့တယ်''လို့ သူကဆိုပါတယ်။
Photo: ချစ်သုဝေဖေ့စ်ဘွတ်
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ရရှိထားတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။