တကယ်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။

ဆုပန်ထွာရဲ့ မွေးနေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ မွေးနေ့ဆုတောင်းလေးက တကယ်ကို ရင်ခုန်စရာကောင်းခဲ့ ပါတယ်။ ဘုရင်မ ကြီး ရှင်စောပုကိုးကွယ်ခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတွေကို မွေးနေ့ ကုသိုလ်အဖြစ် သူတို့ရဲ့ နေအိမ်မှာ တည်ထား ကိုးကွယ် ပူဇော်ခဲ့တယ်လို့ သိရပါတယ်။



 

သရုပ်ဆောင် ဆုပန်ထွာက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ မိသားစုနဲ့အတူ ကုသိုလ်ရေးတွေလုပ်ရင်း ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ သူမအတွက် မွေးနေ့ဆုမွန်ကောင်းကိုတော့ သူ အရမ်းချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က အခုလို ဆုတောင်းပေးထားပါတယ်။

''ဖယောင်းတိုင်တွေ ဘာ ဘယ်က ဖယောင်းတိုင်တွေလဲ။ ဟုတ်တယ်လေ။ ဖယောင်းတိုင်တွေကိုမရေမတွက်ပဲ အသက်ဘယ်လောက် ရှိပြီ ဆိုတာ ဘယ်သူမှမသိနိုင်တဲ့ Birthday Cake လေးတစ်ခု။ Happy Cake Day ပါ အသက်လောက်ချစ်ရတဲ့မိန်းမရေ'' ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

ခင်ပွန်းရဲ့ အချစ်ကိုအပြည့်အဝ ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာ 

ဆုပန်ထွာဟာ သူချစ်ရတဲ့ ခင်ပွန်းအတွက်တော့ ကမ္ဘာပေါ်မှာရှိတဲ့ အချောအလှတွေစုပေါင်းထားတဲ့ အလှဘုရင်မလေးတစ်ဦးဖြစ်တဲ့ အ ကြောင်းတွေကို ကိုဥက္ကာကျော်က ပြောပြထားပါတယ်။ သရုပ်ဆောင် တစ်ဦးဆိုတာထက် သားလေးနဲ့ ခင်ပွန်းအတွက်ကတော့ Superstar တစ်ယောက်ပါပဲ လို့ဆက်လက်ပြောပြထားတာတွေ့ရပါတယ်။

'' 2012 ထဲက ယောကျာၤးအတွက် မိန်းမဟာ အရမ်းလှပတဲ့ ဘုရင်မလေး။ ကမ္ဘာပေါ်မှာ မြင်ဖူးသမျှကောင်မလေးတွေထဲမှာလည်း အချောဆုံး ကောင်မလေးတစ်ယောက် ဒယ်ဒဲနဲ့ Roar အတွက်က ရုပ်ရှင်ထဲကသရုပ်ဆောင်မဟုတ်တဲ့ အပြင်က Superstar ဘဝမှာ ကံကောင်းခြင်းတွေ၊ အရည်အချင်းတွေ၊ သတ္တိတွေ၊ ပျော်ရွှင်ခြင်းတွေ၊ အကောင်းဆုံးတွေ၊ အေးချမ်းမှုတွေ၊ နွေးထွေးတဲ့အကြင်နာနဲ့အပြုံးတွေ'' လို့ ဆိုပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ဆုပန်ထွာရဲ့ မွေးနေ့မှာ ဘုရင်မကြီး ရှင်စောပုကိုးကွယ်ခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတွေကို သူတို့ရဲ့ နေအိမ်မှာ ပင့်ဆောင်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။ အနုပညာရှင်များစွာနဲ့ အပေါင်းအသင်းတွေကလည်း သွား ရောက် ပူဇော်ခဲ့တာကို တွေ့ရပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က