ရှိုးပွဲ မလာလိုက်ရတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းပါ။

စိုင်းစိုင်းရဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခွေ အနေနဲ့ ပရိသတ်ဆီ အမြန်ဆုံးပို့ နိုင်အောင် စီစဉ်နေပြီလို့ ဆိုပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သူ့အတွက် အမြဲတမ်း ဂုဏ်ယူနေရမယ့်ပွဲ လို့လည်း ပြောပြခဲ့ ပါသေးတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး အမြန်ဆုံး အခွေပြန်ထုတ် မယ်လို့ သိရပါတယ်။ သီချင်းတွေကိုလည်း အစအဆုံး ပြန်နားထောင်ရင်း ကြက်သီးထလောက်အောင် ဂုဏ်ယူစရာကောင်းခဲ့တဲ့ ပွဲ တစ်ပွဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

'' ဒီနေ့မနက်  ပြီးခဲ့သောဇာတ်လမ်းအကျဉ်းပွဲကို ပထမဆုံးအကြိမ် အစအဆုံးပြန်နားထောင်တာ ကြက်သီးတွေ ပါထတယ်။ ကျွန်တော့်ဘဝမှာ တစ်သက်လုံး ဂုဏ်ယူနေရမယ့်ပွဲပါပဲ။ ကျွန်တော့်သူငယ်ချင်းတွေ ဆရာသမားတွေ ပရိသတ်တွေ ဂီတပညာရှင်တွေအားလုံးကို အထပ် ထပ် ကျေးဇူးတင်နေမိတယ်။ အမြန်ဆုံးပြင်ဆင်ပြီး ဖြန့်ချိပါမယ်#SaiSaiShow #ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း'' ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၁၆  မိနစ်က သူ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

ဂျပန်နိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် စိုင်းစိုင်း 

ဂီတလောကမှာ အောင်မြင်မှုနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်တဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဖျော်ဖြေပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တယ်လု့ိသိရပါတယ်။ ဖျော်ဖြေပွဲ ပြီးတဲ့ အချိန်မှာလည်း သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

''၁၀ တန်း စာမေးပွဲကြီးပြီးသွားသလိုပဲ ရင်ထဲမှာဟာတာတာနဲ့'' ဆိုပြီးတော့ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာလည်း '' ပွဲပြီးပြီးချင်းအခိုက်အတန့်'' ဆိုပြီးတော့ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်းရှိလှတဲ့ ဓာတ်ပုံလေး တစ်ပုံ တင်ခဲ့ပါသေးတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အဆိုတော် မို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံတို့က ပါဝင်သီဆိုပေးခဲ့ကြတယ် လို့ သိရပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘွတ်ပေ့ချ်

 

စိုင်းစိုင်းဟာ သူ့ရဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခွေအနေနဲ့ ထွက်ရှိသွားမှာဖြစ်တာကြောင့် ရိုက်ကူးရေးတွေ ပြုလုပ်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်း မီဒီယာတွေကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တရားဝင်တောင်းပန်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က