လီဗာပူးလ်အတွက် ၆၅ပွဲကစားပြီး သွင်းဂိုး ၅၀ ဆိုတဲ့ စံချိန်ကိုရခဲ့တာပါ။

လီဗာပူးလ်အသင်းက အီဂျစ်တိုက်စစ်မှူး ဆာလာဟာ ရက်စတားဘဲလ်ဂရိတ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ညမှာ သွင်းဂိုးစံချိန်တစ်ခုရခဲ့သလို ကွင်းအတွင်းမှာလည်း လက်ဆောင်ရခဲ့ပါတယ်။ ဆာလာဟာ ရက်စတားဘဲလ်ဂရိတ်အသင်းနဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး လီဗာပူးလ်အတွက် ဂိုး ၅၀ပြည့်ခဲ့ပါတယ်။

NINTCHDBPICT000444195620.jpg

Photo: The Sun

 

အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လီဗာပူးလ်ကို ရောက်ရှိကတည်းက လက်ရှိအချိန်အထိ သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်နေတာကို ရပ်တန့်မရသေးပါဘူး။ မနေ့ညက ကစားခဲ့တဲ့ ရက်စတားလ်ဘဲလ်ဂရိတ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဆာလာတစ်ယောက် သွင်းဂိုးစံချိန်တစ်ခုကို ရယူနိုင်ခဲ့ပြန်ပါတယ်။ ဆာလာဟာ မနေ့ညကပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး လီဗာပူးလ်အတွက် သွင်းဂိုး ၅၀ပြည့်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် ၆၅ပွဲကစားပြီး သွင်းဂိုး ၅၀ ဆိုတဲ့ စံချိန်ကိုရခဲ့တာပါ။

ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ လူစားမလဲဘဲ ကစားခဲ့ရတဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ မော်ရင်ဟို 

Photo: The Sun

 

ရက်စတားဘဲလ်ဂရိတ်နဲ့ပွဲမှာ ဆာလာဟာ သွင်းဂိုးစံချိန်တင်မကပဲ ပရိသတ်တစ်ဦးဆီကနေ လက်ဆောင်တစ်ခုကိုပါ ချက်ချင်းရခဲ့ပါတယ်။ ပွဲအပြီးမှာ ပရိသတ်ထဲက အမျိုးသမီးတစ်ဦးက ဆာလာကို စာတန်းထောင်ပြခဲ့ပြီး လက်ဆောင်ထုပ်တစ်ခုပေးဖို့ကြိုးစားခဲ့ပါတယ်။ ဆာလာကလည်း လက်ခံခဲ့ပြီး လက်မှတ်ထိုးထားတဲ့ သူ့ရဲ့ဂျာစီကို ပြန်ပေးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ ဆာလာကို ပေးခဲ့တဲ့ လက်ဆောင်ထုတ်ထဲမှာ ဘာပါမလဲဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး။

Photo: The Sun

 

ဆာလာဟာ လီဗာပူးလ်အသင်းကို ၂၀၁၇ဘောလုံးရာသီမှာပြောင်းရွှေ့လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၆၅ပွဲအထိကစားပေးထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်အောင် အသင်းကို ကူညီပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆာလာ လီဗာပူးလ်အတွက် ၁၉ဂိုးမြောက်သွင်းယူပေးနိုင်ခဲ့တဲ့သွင်းဂိုးကို ဖီဖာကအကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခဲ့ပြီး ပတ်စကတ်စ်ဆုချီးမြှင့်ခဲ့ပါတယ်။ လီဗာပူးလ်အတွက်သွင်းယူခဲ့တဲ့ ဂိုး ၅၀မှာ ဆာလာဟာ ဘယ်ခြေနဲ့ ၃၉ဂိုး၊ ညခြေနဲ့ ၉ဂိုး၊ ခေါင်းတိုက်ပြီး ၂ဂိုးသွင်းယူခဲ့တာပါ။

Share

Loading Next Article...
က္က