၇၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

ယမန်နေ့ညက ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု E ရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ဒန်နီဝဲလ်ဘတ်က ဒုတိယပိုင်း ၇၈ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



 

အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့တနင်္လာနေ့ညက လက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းက ပွဲထွက်လူစာရင်းကနေ ကစားသမား ၆ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဝဲလ်ဘတ်၊ ဂွမ်ဒိုဇီ၊ အူဘာမီယန်း၊ ရမ်ဆေး၊ ဆိုခရေးတစ်၊ အယ်လ်နီနီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ခြေစွမ်းပိုင်းကောင်းမွန်တယ်လို့ ပြောရလောက်တဲ့အဆင့်ထက် အနည်းငယ်လျော့ကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ခြေစွမ်းပိုင်းပိုမိုကောင်းမွန်လာခဲ့ပြီး လီဗာပူးနောက်ခံကစားသမားဟောင်း ဆီဘက်စတီယန်ကုတ်စ်ရဲ့အမှားကနေ ဝဲလ်ဘတ်က အာဆင်နယ်အသင်းအနိုင်ရရှိစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းဟာ အုပ်စု E မှာ စပို့တင်းလစ္စဘွန်းအသင်းထက် ရမှတ် ၃ မှတ်အသာ ၉ မှတ်နဲ့ ဦးဆောင်နေပြီး ၁၁ ပွဲဆက်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ အူနိုင်းအမ်မရီရဲ့လက်အောက်မှာ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက ကြံ့ခိုင်မှုပိုမိုကောင်းမွန်လာခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကိုလည်း အနိုင်ရရှိပြီး နိုင်ပွဲ ၁၂ ပွဲထိ ရှေ့ဆက်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာကိစ္စတစ်ခုရှိနေပြီး စပို့တင်းလစ္စဘွန်းအသင်းနဲ့ပွဲစဉ်မှာ ပုခုံးဒဏ်ရာရရှိသွားတဲ့ လစ်ချ်စတိန်နာအနေနဲ့ လာမယ့်ပွဲတွေမှာ ပါဝင်ကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိ၊ မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က