ရှမ်းပြည်နယ်ဘက်ကို ခရီးဆန့်ခဲ့ကြပါတယ်တဲ့။

မယ်လိုဒီတို့ မိသားစုဟာ သားလေးအတွက် ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေ၊ ပညာဗဟုသုတတွေရနိုင်ဖို့ သီတင်းကျွတ် မှာ ခရီးလေး ထွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် သားလေးအပေါ် ဖြစ်စေချင်တဲ့ သူ့ရဲ့ ဆန္ဒလေးကိုလည်း အခုလို ပြော ပြထားပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်



 

မယ်လိုဒီတို့ မိသားစုလေးက သီတင်းကျွတ်ခရီးစဉ်အနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ကျိုင်းတုံမြို့ကို ခရီးတစ်ခုအနေနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီခရီးလေးကတော့ သားလေးသိဒ္ဓိစစ်အတွက် ပညာအမွေတွေရော၊ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရရှိစေဖို့ ခရီးထွက်ခဲ့  ကြတာလို့ ဆိုပါတယ်။

''ခရီးပမ်းပေမယ့် အမြဲတမ်းအမှတ်တရ ဖြစ်နေမှာပါ။ သားအတွက် ပညာအမွေနဲ့ပျော်စရာကောင်းတဲ့အမှတ်တရတွေကိုဘဲ အကောင်းဆုံး ပေးနိုင်ဖို့ကြိုးစားသွားမှာပါ။ ခရီးသွားခြင်းက သားသားအတွက် ဗဟုသုတတိုးစေပါတယ်(အမေကသာ ဘာမှမမှတ်မိတာ သူကအကုန် မှတ်မိ နေတယ် အံ့ရော မိသားစုအမှတ်တရလေးတွေ သားလေးကြီးလာရင် ပြန်ကြည့်ပြီး ပျော်ရွှင်နိုင်ပါစေ'' လို့ ဆုတောင်းပေးထားပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကို သာသနာ့ဘောင်ထဲမှာပဲ အပြီးတိုင် တရားအားထုတ်စေချင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သားလေးအနေနဲ့ ၁၅၀၀ အချစ်၊ ၅၂၈ အချစ် စတဲ့ ပူလောင်တဲ့အရာတွေထက် အေးချမ်းသာယာတဲ့ တရားဘောင်မှာပဲ နေထိုင်ပြီး အေးချမ်း တဲ့ တရားဘာဝနာတွေကိုလည်း ပြန်လည်မျှဝေစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သာသနာ့ဘောင်ထဲမဝင်ဖြစ်ဘဲအိမ်ထောင်ပြုခဲ့ရင်လဲ အိမ်ထောင်ဦးစီးပီသတဲ့ ယောက်ျားကောင်းဖြစ်ပါစေကွယ်။ သားကောင်း၊ ခင်ပွန်း ကောင်း၊ ဖခင်ကောင်း ဖြစ်ပါစေသားလေးရေ ၇ ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာလိုရာဆန္ဒ ပြည့်စုံကြပါစေရှင်'' ဆိုပြီး တော့ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သားသမီးပျော်ရင် မိဘစိတ်ချမ်းသာတယ်ဆိုတဲ့ မယ်လိုဒီ 

သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုပြီးတော့လည်း မယ်လိုဒီကသူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မကြာ ခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က