ချစ်သူ မထားချင်သေးလို့ပါတဲ့။

သွန်းဆက်ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ အရင်တုန်းကတော့ အသည်းကွဲသွားတဲ့ သွန်းဆက် ဆိုပြီး နာမည် ကျော်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ Single ဘဝကို ကျေနပ်နေပြီလို့ ဆိုပါတယ်။

Photo: သွန်းဆက်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် သွန်းဆက် တစ်ယောက် သူ့ကို အပျိုကြီး ဖြစ်မှာပါလို့ ပြောနေတဲ့သူတွေကို အခုလို တုံ့ပြန်စကားဆိုလိုက်ပါတယ်။ သူ့ရဲ့ နှလုံးသားရေးရာ နဲ့ ပတ်သက်ပြီး တစ်ယောက် တည်းနေရတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူနေတာပါ လို့လည်း သူက ဆိုပါတယ်။

'' အိုင့်ကို FA လို့ လာလာခေါ်သူများ၊ နင်က အပျိုကြီး ဖြစ်မှာပါလို့ လာလာပြောသူများ FA ပို့စ် တွေဆို chat box က လာလာပို့သူများနော်။ မပြောချင်လို့ကြည့်နေတာကြာပြီ။ ဟွန်းဟွန်း ဒီမှာ single ဘဝ ကို အရမ်းကျေနပ်ပြီး လွတ်လပ်ပျော်ရွှင်နေလို့ပါ။ မထားတာနော် FA တွေ၊ ဘာတွေ လာလာမခေါ်နဲ့  မကြိုက်ဖူးသိလား'' ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၉  နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာပါ။

Photo: သွန်းဆက်ဖေ့စ်ဘွတ်

 

အရင်တုန်းကတော့ အသည်းကွဲသွားတဲ့ သွန်းဆက်ဆိုပြီး နာမည်ကြီးသွားတဲ့ သွန်းဆက်ရဲ့ အချစ်ရေးက လက်ရှိမှာ အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ဆိုပါတယ်။  ပရိသတ်တွေကိုလည်း သူမအတွက် သေချာတဲ့ ဘဝလက်တွဲဖော် တွေ့ပြီဆိုရင် Public ကို ချပြမှာ ဖြစ်သလို ပရိသတ်တွေကို ပြောပြသွားမှာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: သွန်းဆက်ဖေ့စ်ဘွတ်

အသည်းကွဲထားတဲ့ သွန်းဆက် 

မိခင်နဲ့အတူူ သွန်းဆက်က မိခင်နဲ့အတူ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက် သီလရှင် ဝတ်ခဲ့ပါသေးတယ်။သူမကငယ်စဉ်ကတည်းက သီလရှင်ဝတ်ချင်ခဲ့တာဖြစ်ပြီး မနှစ်ကမှ သူမရဲ့ စိတ်ကူးကို အကောင် အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo: သွန်းဆက်ဖေ့စ်ဘွတ်

 

သွန်းဆက်ကိုတော့  ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က