မှော်ဝင်သမန်းကျား ရုံတင်ပြသတော့မှာပါ။

ခွန်းဆင့်နေခြည်ကတော့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တကယ့် ကျားအစစ်တွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သူမက လူနဲ့ သမန်းကျား တို့က မွေးလာတဲ့ သမီးတစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင် ထား တာကို တွေ့ရပါတယ်။



 

သရုပ်ဆောင် ခွန်းဆင့်နေခြည် ပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ဝင်သမန်းကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့ မှာဖြစ် ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူက လူနဲ့ သမန်းကျားစပ်မွေးထားတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကြိုးစားသရုပ်ဆောင် ထားတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ဒီဇာတ်ကားထဲမှာ အစ်မရဲ့ ကာရိုက်တာက လူနဲ့ သမန်းကျားနဲ့ စပ်ပြီးတော့ မွေးထားတဲ့ လူတစ်မျိုးပေါ့နော်။ အကောင်းဆုံးဖြစ်အောင်တော့ ပုံဖော်ဖန်တီးထားတာပေါ့နော်။ ဒါရိုက်တာကြီးရဲ့ ဇာတ်၊ ဒါရိုက်တာကြီးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အစ်မရဲ့ ကြိုးစား အားထုတ်မှုတွေ ပေါင်း ပြီးတော့ အကောင်းဆုံးဖြစ်လာတဲ့အတွက်လည်း ပင်ပန်းရကျိုးနပ်ပါတယ်'' လို့ ဆိုပါတယ်။

Photo: ခွန်းဆင့်နေခြည် ဖေ့စ်ဘွတ်

 

ဒီရုပ်ရှင်ဇာတ်ကားထဲက ခွန်းဆင့်နေခြည်ရဲ့ ကာရိုက်တာကလည်း ထူးခြားသလို ဇာတ်ကားလေးကလည်း ထူးခြားမှုတွေရှိတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

'' အရင်တုန်းက အစ်မက သရဲ ဇာတ်ရုပ်တွေ ရိုက်တာများတယ်၊ အက်ရှင်တွေ၊ ဒရာမာတွေ ရိုက်တာများတယ်။ ဒါကလည်း ရသမျိုးစုံပါတယ်။ အရုပ်အသံ အားကောင်းကောင်းလေးဖန်တီးထားတဲ့အတွက် လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးကလည်း ကြည့်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်'' ဆိုတာကို အောက်တိုဘာလ ၂၈ ရက်နေ့ မနက်က မှော်ဝင်သမန်းကျား ရုပ်ရှင်အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ခွန်းဆင့်နေခြည် ဖေ့စ်ဘွတ်

 

မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်ခန်း ပီပြင်ဖို့၊ ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ ကျားအစစ်တွေနဲ့ ရိုက်ကူးခဲ့ရတယ် လို့ ခွန်းဆင့်နေခြည် ကဆိုပါတယ်။ ကျားအစစ်တွေနဲ့ ရိုက်ကူးဖို့ အစီအစဉ်မရှိပေမယ့် ဇာတ်အိမ်ပီပြင်ဖို့ကို အဓိက စဉ်းစားရင်း အခက်အခဲတွေနဲ့ ရိုက်ကူးခဲ့ရတယ် လို့ ဆက်လက်ပြောပြလာပါတယ်။

'' အဓိက ကတော့ ဒီဇာတ်ကားထဲမှာ ကျားအစစ်တွေနဲ့ ရိုက်ဖို့ အစီအစဉ်မရှိဘူးပေါ့နော်။ ဒါပေမယ့် ဒါရိုက်တာကြီးအကြံပြုတယ် ဘန်ကောက် မှာ ကျားလိမ္မာတွေရှိတယ် ဆိုတော့ ခွင့်ပြုချက်စာ တင်ရတယ်။ ပြီးတော့ ရိုက်ရက် အခက်အခဲတွေ ကြားထဲက ကျားအစစ်တွေနဲ့ သွားရောက် ရိုက်ကူးခဲ့ရတာ အဲ့ဒါမှလည်း ဒီဇာတ်ရုပ်၊ ဒီဇာတ်ဝင်ခန်းတွေက ပျက်သွားမှာစိုးလို့ တကယ့် ကျားအစစ်တွေနဲ့ ရိုက်ခဲ့တာပါ'' လို့ သူကဆိုပါ တယ်။

 

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က