တရားသဘော လေးတွေ ပြောပြလာပါတယ်။

စံရတီမိုးမြင့်ဟာ ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပါတယ်။ သူမ အနေနဲ့ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ မင်းသွေး ကွယ် လွန်ခဲ့တဲ့ အပေါ် တရားတွေလည်း ရတယ်လို့ ဆိုပါတယ်။

Photo: စံရတီမိုးမြင့် ဖေ့စ်ဘွတ်

 

သရုပ်ဆောင် စံရတီမိုးမြင့်ဟာ အစ်ကို တစ်ယောက်လို ချစ်ခင်လေးစားရတဲ့ သရုပ်ဆောင် မင်းသွေး ကွယ်လွန်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ် မိတယ်လို့ ဆိုပါတယ်။ မင်းသွေးရုတ်တရက်ကွယ်လွန်ခဲ့အချိန်မှာ ရရှိလာတဲ့ တရားသဘော တွေကိုလည်း Duwun Media ရဲ့ အင်တာဗျူး ကနေ သီးသန့်ပြောပြခဲ့ ပါတယ်။

'' အရာရာဆင်ခြင်နိုင်အောင်လေ နေ့မြင် ညပျောက်ပေါ့နော်။ နေ့မြင် ညပျောက်တာတောင် မဟုတ်ဘူး၊ မိနစ်ပိုင်းတင် ပျောက်တတ်တာဆို တော့ သတိထားရတယ်လေ။ အစ်ကို က အားလုံးကို သူ့အသက်နဲ့ ရင်းပြီးတော့ တရားပြသွားတယ်လို့ပဲ ခံစားရပါတယ်'' လို့ သူက ဖြေဆိုခဲ့ပါတယ်။

 

ဘာသာရေးလည်း ကိုင်းရှိုင်းတတ်တဲ့ စံရတီမိုးမြင့်ဟာ အသက်ရှင်နေစဉ်အတွင်းမှာလည်း သူကိုယ်တိုင် ဆောင်ရွက်သွားသင့်တဲ့ အရာ လေး တွေ ပြောပြခဲ့ပါတယ်။ ရတဲ့အချိန်မှာလည်း ကုသိုလ်ယူတတ်တဲ့ အကြောင်းတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ ညက မင်းသွေးအတွက် ရည်စူးကုသိုလ်ပြုတဲ့ တရားပွဲမှာ ဖြေဆိုခဲ့တာပါ။

'' အသွားအလာ အနေအထိုင် ဆင်ခြင်တာပေါ့နော်။ ကောင်းမှုတွေကတော့ အမြဲတမ်း ကိုယ် ကြုံရင် ကြုံသလို ကောင်းမှု ကုသိုလ်တွေကတော့ လုပ်နေတာပါပဲ။ ပြီးတော့ မိဘ ၊ မိသားစုကို ပိုပြီး စောင့်ရှောက်ရမယ်ဆိုတာ သိလာတယ်။ ကို မင်းသွေးအတွက် စိတ်မကောင်းပေမယ့်လည်း အားလုံးကို သူ တရားပြသွားတယ်'' လို့ ဖြေဆိုခဲ့ပါတယ်။

Photo: စံရတီမိုးမြင့် ဖေ့စ်ဘွတ်

အတိတ်က ခံစားချက်တစ်ခုကို ရင်ဖွင့်ပြောပြလာတဲ့ စံရတီမိုးမြင့် 

သေခြင်းတရားကို တားဆီးလို့ မရဘူးလို့လည်း စံရတီမိုးမြင့်က ပြောပြခဲ့ပါတယ်။ အသက်ရှင်နေချိန်မှာလည်း ဘုရားတရား မမေ့အောင် နေသင့်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြလာပါတယ်။

'' သဲကတော့ ပုံမှန် ဘုရားရှိခိုးဖြစ်ပါတယ်၊ တစ်ခါတလေကျရင်လည်း မရှိခိုးဖြစ်တာရှိပါတယ်။ ပဌာန်းရွတ်တယ်၊ မေတ္တာသုတ် အမြဲရွတ်တယ်။ လူဆိုတာက ဒုက္ခရောက်မယ့် အချိန်တန်ရင် ရောက်မှာပဲ။ ကံပါရင်တော့ သေမှာပဲ အန္တရာယ်ကင်းဖို့၊ မသေအောင်လုပ်လို့မရဘူး။ အဓိက ကတော့ အသက်ရှင်နေစဉ်အချိန်မှာ ကုသိုလ်ကောင်းမှု လုပ်ဖို့၊ လူတွေကို စိတ်ကောင်းထားဖို့အတွက်ပဲ သဲ ကြိုးစားပါတယ်'' လို့ ဆိုပါတယ်။

Photo: စံရတီမိုးမြင့် ဖေ့စ်ဘွတ်

 

သူ့ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကို ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိ လာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။

 

Share

Loading Next Article...
က္က