ရီးရဲမက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ဘာစီလိုနာအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ သေချာသလောက်ရှိနေပြီဖြစ်တဲ့ နည်းပြ လော့ပတယ်ဂီရဲ့နောက်မှာ အသင်းသားတွေအားလုံးရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Photos: Express
ရီးရဲမက်ဒရစ်အသင်းဟာ ယမန်နေ့ညက ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ကစားကွက်ပိုင်းအရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဟက်ထရစ်သွင်းခဲ့တဲ့ ဆွာရက်ဇ်ရဲ့စွမ်းဆောင်ရည်ဟာ သာမန်ပဲလို့ ပြောလိုက်တဲ့ ဗယ်ဗာဒီ
ရီးရဲမက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို မာဆယ်လိုက ဒုတိယပိုင်း ၅၀ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အဆင့် ၉ ထိ ကျဆင်းသွားတဲ့အတွက် နည်းပြလော့ပတယ်ဂီရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ပိုမိုနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။
Photos: beIN Sport
ဘာစီလိုနာအသင်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက နည်းပြလော့ပတယ်ဂီ ရာထူးကနေထုတ်ပယ်ခံရဖို့ ဖြစ်နိုင်ခြေရှိ၊ မရှိ ဆာဂျီယိုရာမို့စ်ကို မေးမြန်းခဲ့ပြီး ရာမို့စ်က လော့ပတယ်ဂီရဲ့နောက်မှာ တစ်သင်းလုံးရှိနေပေမယ့် အသင်းမှာ ဆက်ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် မိမိတို့မှာမရှိကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ဘာတွေးနေလဲဆိုတာကို ပြောဖို့အတွက် စကားပြောတာ ရပ်ရပါလိမ့်မယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ အခုနောက်ဆုံးအကျိုးဆက်တွေမတိုင်ခင်ကတည်းက နည်းပြရဲ့နောက်မှာ တစ်သင်းလုံးရှိနေပါတယ်။ ဒါပေမယ့် ပွဲအပြီးရလဒ်ဟာ နည်းပြဆက်ရှိ၊ မရှိဆိုတာအတွက် ကြီးမားတဲ့အခြေအနေဖြစ်လာခဲ့ပြီဆိုတာကတော့ အမှန်ပါပဲ"
"ဒါပေမယ့် ဝမ်းနည်းစွာနဲ့ပဲ တချို့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့လုပ်ပိုင်ခွင့်အာဏာ ကျွန်တော်တို့မှာမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ အသင့်အနေအထားနဲ့ နာရီတွေကုန်ဆုံးသွားရမှာပါ။ ဒါပေမယ့် သူတို့ဘာတွေပဲလုပ်လုပ် ကစားသမားတွေရဲ့ဆန္ဒတော့မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။