ချေပဂိုးဟာ ပေါ့ဂ်ဘာရဲ့အမှားကနေ စတင်ခဲ့တာပါ။

ယမန်နေ့ညက အဲဗာတန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့ ရူးကြောင်ကြောင်နဲ့အချိန်ဖြုန်းတီးခဲ့မှုကို ဂယ်ရီနယ်ဗီးလ်က ပြစ်တင်ကျိန်းမောင်းခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကို ၂ ဆင့်ကန်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

sei_37285157-4cde.jpg



မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာ၊ မာရှယ်တို့ရဲ့သွင်းဂိုးတွေနဲ့ အဲဗာတန်အသင်းကို သက်တောင့်သက်သာ အနိုုင်ရရှိခဲ့တာဖြစ်ပေမယ့် ယင်းပွဲစဉ်က ပေါ့ဂ်ဘာရဲ့ ကစားပုံကို ဂယ်ရီနယ်ဗီးလ်က ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပင်နယ်တီကန်သွင်းယူရာမှာလည်း မလိုအပ်ဘဲ တုံ့ဆိုင်းတုံ့ဆိုင်းပြုလုပ်ခဲ့တာကြောင့် အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပေါ့ဂ်ဘာက ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူနိုင်ခဲ့လို့သာ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်သွင်းခဲ့တဲ့ ဆွာရက်ဇ်ရဲ့စွမ်းဆောင်ရည်ဟာ သာမန်ပဲလို့ ပြောလိုက်တဲ့ ဗယ်ဗာဒီ 

အဲဗာတန်အသင်းဟာ ပေါ့ဂ်ဘာရဲ့အမှားကြောင့် ဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာဆီက ဘောလုံးကို ဆီဂတ်ဆန်က ရယူပြီး ရစ်ချက်လီဆင်ကို ပေးခဲ့ရာမှာ စမောလင်းက နောက်ကနေ ဖျက်ထုတ်ခဲ့တာကြောင့် အဲဗာတန်အသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

 

"အားလုံး ပေါ့ဂ်ဘာကို ကြည့်ကြစမ်းပါဗျာ"

"ကွင်းလယ်မှာ အဲဒီကောင် ရူးကြောင်ကြောင်အချိန်ဖြုန်းနေပြီး မလိုအပ်ဘဲ စတိုင်တွေထုတ်ပြနေတာ"

"သူ စောင့်ပြီးရင်း စောင့်တယ်။ ရူးကြောင်ကြောင်နိုင်တဲ့ အကွက်လေးတွေ လုပ်တယ်။ ပြီးတော့ အဲဗာတန်က ဘောလုံးရသွားရော"လို့ Sky Sport အတွက် ပွဲကြေညာရာမှာ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းဖြစ်တဲ့ ဂယ်ရီနယ်ဗီးလ်ဟာ စက်တင်ဘာလအတွင်းက ဝုဗ်နဲ့ပွဲစဉ်၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ချယ်ဆီးနဲ့ပွဲစဉ်တုန်းကလည်း ပေါ့ဂ်ဘာရဲ့ အမှားကြောင့် ဂိုးပေးခဲ့ရတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ကျိန်းမောင်းခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က