ဒါကတော့ သူ့အတွက် ပထမဆုံး ရုပ်ရှင်ကားကြီးပါ။

ခင်လှိုင်ကိုယ်တိုင်ကတော့ '' တောက်ချလိုက်မယ်'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါ တယ်။ ဒီဇာတ် ကားထဲမှာ နာမည်ကျော်သရုပ်ဆောင် များစွာလည်း ပါဝင်သွားမှာဖြစ်ပါတယ်။



Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

ပရိသတ်အားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ ဟာသသရုပ်ဆောင်ခင်လှိုင်က သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ''တောက်ချလိုက်မယ်'' ရုပ်ရှင်ဇာတ်ကားကြီးအတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီဇာတ်ကားထဲမှာလည်း အောင်မြင်တဲ့ သရုပ်ဆောင်များစွာ ပါဝင်မယ် လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကို Love 2 Love ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ခန့်စည်သူ၊အကယ်ဒမီ မြင့်မြတ်၊ ရွှေသမီး၊ ပက်ထရစ်ရှာ၊ အရိုင်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဆင်မ၊ အကယ်ဒမီ ဝါဝါအောင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ၊ စိစိ၊ စူပါလင်း၊ သွက်လက်၊ ချစ်ကြီး၊ ဖိုးသဲ၊ အိုကေ၊ အေးအေးအောင်၊ Stella နဲ့ နောက်ထပ် ဟာသသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

ခင်လှိုင်ရဲ့ ပထမဆုံးရိုက်မယ့် '' တောက်ချလိုက်မယ်'' ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အမှတ်တရ ပုံရိပ်တွေကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇာတ်ကားထဲမှာပါဝင်သွားမယ့် အကယ်ဒမီ ခန့်စည်သူကလည်း ကိုခင်လှိုင့်ကို ဂုဏ်ပြုစကားပြောခဲ့ပါသေးတယ်။

''  Big congratulations ပါ ။ ကိုခင်လှိုင်က ဟာသမှာ ဆရာတစ်ဆူပါဗျာ'' ဆိုပြီးတော့ Comment ကနေ တဆင့်ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ကိုခင်လှိုင်ကလည်း ကျေးဇူးတင်စကား ဆက်လက်ပြောပြထားတာကို တွေ့ရပါတယ်။ '' ချစ်ကိုကြီးရဲ့ကျေးဇူးတွေ အများကြီးပါ။ ကျွန်တော့်ကိုယုံကြည်ပြီးရိုက်ပေးလို့အထူးကျေးဇူးတင်ပါတယ်''လို့ ခင်လှိုင်က ဆိုပါတယ်။

သူငယ်ချင်းဖြစ်တာ နှစ်၃၀ ကျော်ပြီဆိုတဲ့ ခင်လှိုင်နဲ့ဒိန်းဒေါင်  

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က