စာချုပ်သစ်အတွက် ဆွေးနွေးမှု ပျက်ပြယ်ခဲ့တာပါ။

အာဆင်နယ် နဲ့ အာရွန်ရမ်ဆေးတို့ကြား စာချုပ်သစ်အတွက် မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ အပြီးမှာ ရမ်ဆေးဟာ အသင်းကနေ ရာသီကုန်ရင် ထွက်ခွာသွားနိုင်တယ်လို့ အာဆင်နယ်အသင်းဘက်က အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ Daily Mail သတင်းဌာနရဲ့ ရေးသားမှုအရ ရာသီကုန်မှာ စာချုပ် သက်တမ်းပြည့်တော့မှာ ဖြစ်ပေမယ့် ရမ်ဆေးနဲ့ အာဆင်နယ်တို့ကြား စာချုပ်သစ်အတွက် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။



Photo : Daily Mail

 

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက သူ့အနေနဲ့ အသင်းကနေ မထွက်ခွာချင်ဘူးလို့ ရမ်ဆေးက ပြောဆိုခဲ့ပြီး အာဆင်နယ်အသင်းက သူ့ကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာလို့လည်း ဖွင့်ထုတ်ပြောဆိုခဲ့ပါတယ်။ ရမ်ဆေးက လက်ရှိရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားတဲ့ ငွေကြေးကို အလိုရှိနေတာဖြစ်ပြီး အာဆင်နယ်က ပေးချေဖို့ ဆန္ဒမရှိခဲ့ပါဘူး။

Photo : Daily Mail

 

ဒီအတွက် အသင်းနဲ့ကစားသမားကြားမှာ ညှိနှိုင်းလို့မရဖြစ်ခဲ့ပြီးနောက် ရမ်ဆေးဟာ အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရမ်ဆေးကို ငွေကြေးတစ်စုံတစ်ရာနဲ့ ဝယ်ယူမယ့် အသင်းမရှိဘူးလို့ အာဆင်နယ်က ယုံကြည်နေတာကြောင့် ကစားသမားဟာ ရာသီကုန်အထိ အသင်းမှာ ကစားသွားမယ်လို့ ယူဆနေပါတယ်။

Photo : Sky Sports

 

ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့က ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီ (၄)သင်းကပဲ ကစားသမားကို ရရှိဖို့ အပြိုင်အဆိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကာဒစ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရမ်ဆေးဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၃၄၃ ပွဲကစားပေးခဲ့ပြီး ဂိုးအများအပြားလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ရမ်ဆေးက အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ကစားပေးထားပြီး အဓိကကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့အပြီးမှာ ရမ်ဆေးဟာ အသင်းသစ်တစ်သင်း ရှာဖွေတော့မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အီတလီ နဲ့ ဂျာမနီကို သွားကစားနိုင်တဲ့ အခွင့်အလမ်းရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က