ယခုအပတ်အတွင်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုအပတ်အတွင်းမှာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းလင်းစွာသိရဖို့နဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့လှုပ်ရှားမှုက ဘယ်လိုရှိမလဲဆိုတာ သိရဖို့အတွက် အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

gettyimages-1052840248.jpg

Photos: Metro

မော်ရင်ဟိုနဲ့ အက်ဒ်ဝုဒ်ဝဒ်တို့ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဆွေးနွေးဖို့အတွက် သတ်မှတ်ခဲ့ကြတာဖြစ်ပေမယ့် အက်ဒ်ဝုဒ်ဝဒ်က တွေ့ဆုံခါနီး နောက်ဆုံးမိနစ်ကျမှ လှမ်းဖျက်လိုက်တာကြောင့် မော်ရင်ဟိုဟာ စိတ်အနှောင့်အယှက်များစွာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ တွေ့ဆုံမှုကို ဖျက်သိမ်းလိုက်တာဟာ အိုးထရက်ဖို့ဒ်မှာ မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာ အရိပ်အမြွက်ပြသလိုက်တာလို့ သိရပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ဒါပေမယ့် Metro က အက်ဒ်ဝုဒ်ဝဒ်ရဲ့အကြောင်းပြချက်ဟာ စစ်မှန်ပြီး ဘုန်းမောက်အသင်းနဲ့ စနေနေ့ကစားရမယ့် ပွဲစဉ်မတိုင်မီ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံဖို့ အချိန်စာရင်းပြန်လည်ရေးဆွဲခဲ့တယ်လို့ ရေးသားထားပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက တိုဘီအယ်ဒါဝီလ်နဲ့ ဘိုတန်တို့ကို မခေါ်ယူပေးခဲ့တဲ့အသင်းကို ဒေါသထွက်ခဲ့ပြီး အက်ဒ်ဝုဒ်ဝဒ်နဲ့အတူ ၎င်းခေါ်ယူချင်တဲ့ပစ်မှတ်အကြောင်းဆွေးနွေးဖို့နဲ့ ၎င်းရဲ့နည်းပြရာထူးအတွက် ဆွေးနွေးဖို့အတွက် တွေ့ဆုံသွားမှာဖြစ်ပါတယ်။

Photos: Metro

 

မန်ချက်စတာယူနိုက်တက်အသင်းက ၎င်းကို နည်းပြရာထူးကနေ ထုတ်ပယ်ပစ်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက် မော်ရင်ဟိုဟာ စိုးရိမ်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းက မော်ရင်ဟိုကို အပြောင်းအရွှေ့အတွက် ငွေကြေးအနည်းငယ်သာသုံးစွဲခွင့်ပေးထားတာဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ဝဒ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ မော်ရင်ဟိုကို ဘတ်ဂျက် ပေါင် ၇၅ သန်းခန့် သုံးစွဲခွင့်အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ရပြီး မော်ရင်ဟိုက ယခုရာသီမှာ ၁၇ ဂိုးအထိ ပေးထားရတဲ့ ၎င်းရဲ့ခံစစ်အတွက် အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က