ရိုးမားကနေ ပြောင်းရွှေ့ခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာက သူဟာ လီဗာပူးလ်မှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် အီဂျစ်တိုက်စစ်မှူး ဆာလာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။



Photo : Goal.com

 

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းစံချိန်တင်နိုင်ခဲ့ပြီး ဆာလာဟာ စုစုပေါင်းသွင်းဂိုး (၃၂)ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တယ်လို့  Goal.com က ရေးသားခဲ့ပါတယ်။  လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပြီး အီဂျစ်အသင်းဟာလည်း ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို ဝင်ပြိုင်ခွင့် ရရှိခဲ့တဲ့အတွက် ဆာလာအတွက် မမေ့နိုင်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

စံချိန်မှတ်တမ်းသစ် (၂)ခုကို ရရှိဖို့ အခွင့်အရေးကောင်းနေတဲ့ ရော်နယ်ဒို 

Photo : calcioefinanza.it

 

လီဗာပူးလ်အသင်းရဲ့ ကလပ်ဝက်ဘ်ဆိုက်ကတဆင့် ဆာလာက အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အန်ဖီးလ်ကလပ် အသင်းမှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတယ်လို့ ဆာလာက ဝန်ခံခဲ့တာပါ။ ဒီရာသီမှာလည်း ဆာလာက လီဗာပူးလ်အတွက် နောက်ဆုံး (၃)ပွဲမှာ လေးဂိုးသွင်းယူပြီး ပုံမှန်ခြေစွမ်းပြသနေပြီ ဖြစ်ပါတယ်။

Photo : diariodolitoral.com.br

 

"လီဗာပူးလ်က ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဆိုတာ အားလုံးသိပါတယ်၊ ကမ္ဘာတဝှမ်းမှာ ထင်ရှားကျော်ကြားနေပြီး အရှေ့အလယ်ပိုင်း ဒေသမှာလည်း ပရိသတ်တွေ အများကြီး ရှိတဲ့အသင်းပါ၊ ကျွန်တော့်အသက် (၁၀)နှစ်၊ (၁၁)နှစ်လောက်ကတည်းက လီဗာပူးလ်မှာ ကစားခွင့်ရဖို့ စိတ်ကူးယဉ်ခဲ့ပြီး အခုတော့ တကယ်ဖြစ်လာခဲ့ပါတယ်" လို့ ဆာလာက ပြောခဲ့ပါတယ်။

"ဘောလုံးဂိမ်းကစားတိုင်း ကျွန်တော်အမြဲတမ်းလိုလို ရွေးချယ်တဲ့ အသင်းက လီဗာပူးလ်ပါပဲ၊ ဒီအသင်းမှာ ကစားခွင့်မရတော့ဘူးလို့ ကျွန်တော် တွေးခဲ့မိပေမယ့်လည်း ကိုယ့်ရဲ့ အိပ်မက်တွေအတွက် အမှန်တကယ်ကြိုးစားရင် တကယ်ဖြစ်လာမယ်ဆိုတာကို ကျွန်တော် နားလည် ခဲ့ရပါတယ်" လို့လည်း ဆာလာက ထပ်ပြောခဲ့ပါတယ်။

ဆာလာဟာ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းမှာ ကစားခဲ့ဖူးပြီး အဲဒီကမှတဆင့် ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ပုံမှန်နေရာရဖို့အတွက် ခက်ခဲခဲ့ပြီးနောက် ဆာလာဟာ ဖီအိုရင်တီးနား နဲ့ ရိုးမားအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး ရိုးမားကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက်မှာ လီဗာပူးလ်ကို ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က