အပျိုကြီးလို့ ဆက်ခေါ်နိုင်သေးတယ်တဲ့။

ပိုပိုက အချစ်ရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်မပြုသေးဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြတဲ့ ပရိသတ်တွေကို အခုလို ပြောပြခဲ့ပါ တယ်။ လက်ရှိမှာ တော့ သူမ အနေနဲ့ ပညာရေးနဲ့ အနုပညာအလုပ်အပေါ် အဓိက ထားကြိုးစားနေတာကို တွေ့ရပါတယ်။

Photo: ဝတ်ရည်မိုး ဖေ့စ်ဘွတ်

 

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ပိုပို တစ်ယောက် အိမ်ထောင်မပြုသေးဘူးလားလို့ မေးခွန်းထုတ်နေကြတဲ့ သူတွေကို အခုလို တုံ့ပြန် စကားပြောပြလိုက်ပါပြီ။ ဂီတလောကမှာ အောင်မြင်လျှက်ရှိတဲ့ ပိုပို ဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်း လင်းပြောပြခဲ့တာဖြစ်ပါတယ်။

'' လူတွေက တွေ့ရင် ပိုပိုရေ အချစ်ရေးက ဘယ်လိုလဲ အိမ်ထောင်မပြုသေးဘူးလား မေးမေးနေကြလို့ ပြောရဦးမယ်။ ပို ကလေ ကိုယ့် ခြေ ထောက် ပေါ် ကိုယ်ရပ်တည်နေတဲ့ မိန်းမ ဖြစ်တဲ့ အပြင် ကိုယ့်ကိုယ်ကိုလဲ သိပ်ချစ်တာ ကျွန်မဟာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေတယ် 

အမြဲလဲ ပျော်ရွှင်ချင်တယ်။ အခု လက်ထပ်မယ်ဆိုလဲ ကျမ လုပ်ချင်တဲ့ အလုပ်တွေ မပြီးသေးဘူး ကျမငယ်ပါသေးတယ်''လို့ ဆိုပါတယ်။

Photo: ဝတ်ရည်မိုး ဖေ့စ်ဘွတ်

 

အချစ်အကြောင်း သီချင်းလေးတွေ အမြဲ သီဆို တတ်တဲ့ အဆိုတော်မလေး ပိုပိုက လက်ရှိမှာတော့ Single တစ်ယောက်ပါလို့ သိရပါတယ်။ လက်ရှိမှာ ပညာရေးနဲ့ အနုပညာအလုပ်တွေကို ဦးစားပေးနေရတာကြောင့် အချစ်ရေးကို မတွေးသေးတဲ့အကြောင်းကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' ကျွန်မ ကို သူ့ အသက်လောက်ချစ်မယ့် သူကိုသာသူ့လက်ထဲ ကျွန်မဘဝ ကို ထည့်ပေးဝံ့မှာပါ။ အဲ့ဒီ့လူကို ကျမ မတွေ့သေးဘူး ဒါကြောင့် 

ဘုရင်မ တစ်ပါးလို အမြဲ လှလှ ပပ လေး နေလို့ရပြီး ချစ်စရာကောင်းတဲ့ မတ်မတ်ကို အပျိူကြီးလို့ပဲ ဆက်ခေါ်နိုင်ပါတယ်။ အဲ့ဒီ့ အပျိုကြီး ဂုဏ်ပုဒ်ကို ကျမချစ်တယ်။ ထူးခြားချက်က ၂၈ ကျော်ဆိုပေမဲ့ ၁၈ လောက် ထင်နေလောက်အောင် လှနေတာပါပဲ အယ့်လယ်'' လို့ ဆက်လက် ပြောပြထားပါသေးတယ်။

Photo: ဝတ်ရည်မိုး ဖေ့စ်ဘွတ်

ချစ်သူ မထားသေးတဲ့အကြောင်း ပြောလာတဲ့ ပိုပို 

ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo: ဝတ်ရည်မိုး ဖေ့စ်ဘွတ်

 

ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က