အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်တဲ့။

ခိုင်နှင်းဝေဟာ မအူပင်မြို့နယ်အတွင်းက မုဒိန်းကျင့်ခံခဲ့ရတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို ရန်ကုန်မှာပဲထားပြီး ပြုစုစောင့် ရှောက် ပေး နေတယ်လို့  သိရပါတယ်။ သက်ငယ်မုဒိန်းတွေ ရပ်တန့်သွားဖို့ကိုလည်း သူ့ရဲ့ ဆန္ဒကို အခုလိုပြောပြထားတာ တွေ့ရပါတယ်။



Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက မအူပင်မြို့နယ်မှာ မုဒိန်းကျင့်ခံခဲ့ရတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို လက်ရှိမှာ စောင့်ရှောက်ပေး နေတယ်လို့ သိရပါတယ်။ ဒီ မိန်းကလေးကိုလည်း ရန်ကုန်မှာခေါ်ထားတာဖြစ်ပြီး မွေးဖွားချိန်အထိ လိုလေသေးမရှိအောင် ပြင်ဆင်ပေးထား တယ်လို့ ပြောပြလာပါတယ်။

'' မအူပင်မြို့နယ်မှ ပထွေးကနေ သက်ငယ်မုဒိမ်းကျူးလွန်ခံရတဲ့ ၁၃နှစ် သမီးလေးကို အပတ်စဉ်ဆေးရုံပြသပေးပြီး ကလေးရဲ့ကျန်းမာရေးကို စောင့်ရှောက်ထားတာ အခုဆို ကိုယ်ဝန် ၈ လကျော်နေပါပြီ။ ရန်ကုန်မှာပဲ ခေါ်ထားပြီး မွေးဖွားပြီးတဲ့အထိ စားဖို့နေဖို့ စိတ်မပူရအောင် စီစဉ်ပေးထားပါတယ်'' လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ပညာပေး ဟောပြောပွဲတွေမှာလည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာလည်း United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံထားရတဲ့ မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

''သက်ငယ်မုဒိမ်း တွေ ကျူးလွန်ခံရတဲ့ ကလေးတိုင်းရဲ့ ရင်ထဲ ခံစားချက်တွေနာကျည်းချက်တွေနဲ့ ပြည့်နှက်နေတယ်။ ကလေးရဲ့ အနာဂတ် တွေကို အေးချမ်းစေချင်တယ်။ မွေးလာမဲ့ကလေးရဲ့ အနာဂတ်နဲ့ စိတ်ကိုလဲ လှပစေချင်တယ်..ရပ်တန့်ကြပါတော့။ မုဒိမ်းတွေရယ် သက်ငယ် မုဒိမ်းတွေ မရှိကြပါစေနဲ့တော့'' ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ် တယ် လို့ သိရပါတယ်။

မလှူရ မနေနိုင်အောင်ဖြစ်နေပြီ ဆိုတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ 

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က