ဘယ်ပရိသတ်ကိုမှ ဖုန်းနံပတ်ရော၊ လိပ်စာရော မပေးဖူးပါဘူး။

တိုင်ရွန်ကတော့ သူ့ရဲ့ နာမည်နဲ့ စကားပြောလေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့်အတုတွေကို သတိထားပေးကြဖို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး သူကိုယ်တိုင် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ တစ်ခုလပ် ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။



Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် တိုင်ရွန်ဟာ သူ့ရဲ့ နာမည်တွေနဲ့ ဖေ့စ်ဘွတ်အကောင့်အတုတွေကို သတိထားဖို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။သူ့အနေနဲ့ ဖုန်းနံပတ်နဲ့ လိပ်စာကို ဘယ် ပရိသတ်ကိုမှ မပေးဖူးဘူးလို့လည်း ပြောပြထားပါသေးတယ်။

'' ဒီအကောင့်တစ်ခုသာသုံးပါတယ် follower တစ်ချက်စစ်ပြီး ယုံကြပါ အတုတွေ လိပ်စာတွေပေးပြီး လက်ဆောင်တွေ လိမ်ယူနေပါတယ်။ သတိထားပေးကြပါ ကျွန်တော့် လိပ်စာ ဖုန်းနံပါတ်ဘယ်သူ့ကိုမှ မပေးဖူးဘူးပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။

မင်္ဂလာသတင်းအကြောင်း ပြောပြလာတဲ့ တိုင်ရွန် 

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာ တ်ကားဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ရတဲ့ ဇာတ်ကားဖြစ်တာကြောင့် စိတ်လှုပ်ရှား နေရတယ်လို့လည်း Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' '' အဲ့ဒီဇာတ်ကားထဲမှာလည်း အိုက်တင်ပိုင်းဆိုင်ရာကိုတော့ ပရိသတ်ဘက်က ကြည့်ရင် တော့ အများကြီးရှိတာပေါ့နော်။ ဒါပေမယ့် ဒါကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတဲ့ ဇာတ်ကားဆိုတော့ ကျွန်တော့်ဘက်ကတော့ အပြည့်အဝကြိုးစားထားတာပေါ့ အဲ့ဒါလေးကိုလည်း နားလည်မှုလေးတွေနဲ့ ဖြည့်ပြီးတော့ ကြည့်ပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်။ '' လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပြီး SG9 Flim Production က ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်နဲ့ လင်းဇာနည်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့တာလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က