မင်္ဂလာသက်တမ်း(၁၅)နှစ်ပြည့်ညမှာ ထပ်ပြီး ခန့်အပ်ပေးခဲ့တာပါ။

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်း တို့ရဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ကို Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမင်္ဂလာပွဲမှာ အာဇာနည်ကိုယ်တိုင် Brand Ambassador အဖြစ် တာဝန်ယူထားတဲ့ Livolin forte အသည်း အားဆေးကလည်း Main Sponsor အဖြစ် ပါဝင်ကူညီခဲ့ပါတယ်။

 

အာဇာနည်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ က စပြီး Livolin forte နဲ့ လက်တွဲအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် အာဇာနည် နဲ့ ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် ပွဲ အခမ်းအနားမှာလည်း Livolin forte ရဲ့ Brand Ambassador အဖြစ် ဆက်လက် ခန့်အပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို Lotte Hotel ရဲ့ Crystal Ballroom မှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ပြီဆိုတဲ့ အာဇာနည်နဲ့ဝမ်း 

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

 

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က