ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲကတော့ အာဆင်နယ် နဲ့ လီဗာပူးလ် ပွဲစဉ်ပါပဲ။ နိုင်ပွဲဆက်တိုက်ရပြီး ခြေစွမ်းကောင်း ပြသခဲ့တဲ့ အာဆင်နယ် နဲ့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမှာ သေချာပါတယ်။ မြန်ဆန်သွက်လက်တဲ့ ကစားမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ခုန်သံကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ဆွဲခေါ်ဦးမှာတော့ သေချာပါတယ်။
နှစ်ဖက်အသင်းသတင်းများ
Photo : 101 Great Goal
- အာဆင်နယ်မှာ ဘယ်လာရင်၊ နာချိုမွန်ရီယယ် နဲ့ ကိုလာရှီနက်တို့ ဒဏ်ရာရနေလို့ နောက်တန်းပြသနာရှိနေပါတယ်။ ဗဟိုခံစစ်မှူး ဆော့ကရေ့တ်လည်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေပါတယ်။
- ကာလရှည်အနားယူနေရတဲ့ ကိုစီယယ်နီလည်း မပါဝင်နိုင်သေးပါဘူး။
- အားထားရတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဇီကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပြီး အယ်လ်နန်နီကလည်း ပေါင်ဒဏ်ရာကြောင့် လွဲချော်ဦးမှာပါ
- လီဗာပူးလ်ကတော့ အန်ဒရူးရောဘတ်ဆန် အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။
အချက်အလက်မှတ်တမ်းများ
Photo : 101 Great Goal
- အာဆင်နယ်က လီဗာပူးလ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲမှာ နိုင်ပွဲမရှိခဲ့ပဲ (၃)ပွဲ ရှုံးခဲ့ပါတယ်။
- လီဗာပူးလ်ကတော့ အာဆင်နယ်ကွင်းမှာ လာကစားခဲ့တဲ့ အဝေးကွင်း (၁၈)ပွဲမှာ နိုင်ပွဲ (၂)ပွဲသာ ရှီခဲ့ပြီး (၈)ပွဲ ရှုံးခဲ့ပါတယ်။
- နောက်ဆုံး (၅)ကြိမ်တွေ့ဆုံခဲ့ရာမှာတော့ လီဗပူးလ်က တစ်ပွဲကိုအနည်းဆုံး (၃)ဂိုးနှုန်း အာဆင်နယ်ဘက်ကို (၄)ပွဲအထိ သွင်းယူထားပါတယ်။
- သူတို့နှစ်သင်း တွေ့ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် (၅)ပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုးက ၂၇ ဂိုးအထိ ရှိခဲ့ပါတယ်။
Photo : 101 Great Goal
- အာဆင်နယ်ဟာ ဒီရာသီမှာ ကစားခဲ့တဲ့ပွဲတွေကို ပထမပိုင်းမှာ လုံးဝအနိုင်မရခဲ့ပါဘူး။
- လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၃)ပွဲမှာ တစ်ပွဲကို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
- ဆာလာကတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
- အူနိုင်းအမ်မရီနဲ့ ကလော့ပ်တို့ဟာ ၂၀၁၆ ယူရိုပါလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ဖူးပြီး ဆီဗီလာက လီဗာပူးလ်ကို ၃-၁ နဲ့ နိုင်ခဲ့ပါတယ်။
ဖြစ်နိုင်ဖွယ် ကစားကွက်
ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်
လီဗာပူးလ်အနိုင်ရမယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီနေ့က အာဆင်နယ် အစွမ်းပြမယ့်နေ့ပါပဲ။ အာဆင်နယ်မှာ နောက်တန်းပြသနာ ရှိနေပါတယ်။ ရှာကာကို ဘယ်အစွန်နောက်ခံလူနေရာ ထားကစားပြီး လက်စတိုင်နာကတော့ ညာအစွန်မှာ ထွက်ဆော့နိုင်ပါတယ်။ သူ့အသက်အရွယ်နဲ့က ဘယ်လောက်ထိ ကစားနိုင်မှာလဲ မေးခွန်းထုတ်စရာပါ။ လက်စတာနဲ့ ပွဲမှာ အာဆင်နယ်က ဂိုးတွေသွင်းခဲ့ပါတယ်။ လူတွေက အာဆင်နယ် ဂိုးတွေရနေတာကို ချီးကျူးကောင်းချီးကျူးပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးလ်ခံစစ်က တကယ်တောင့်တင်းနေတာပါ။ အာဆင်နယ်က (၁၁)ပွဲဆက် အနိုင်ရခဲ့တယ်ဆိုပေမယ့် လီဗာပူးလ်ကိုတော့ လွယ်လွယ်လေးနဲ့ ရှုံးမှာပါ။ ၁-၃ လောက် ဖြစ်သွားပါလိမ့်မယ်။
Share