မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေးဗစ်ဒီဂီယာနဲ့ မာရှယ်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ရာမှာ ကြီးမားတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြစ်တင်စရာအဖြစ် တစ်စိတ်တပိုင်းပါဝင်နေပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ဟာ တစ်ပတ်လုပ်ခပေါင် ၄ သိန်းကျော်ရရှိနေသူဖြစ်ပြီး ပေးချေနေရတဲ့လုပ်ခလစာနဲ့ညီတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသူဖြစ်ပါတယ်။
Photos: Metro
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဒီဂီယာနဲ့ မာရှယ်တို့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး ယင်းတို့နှစ်ဦးစလုံးဟာ အသင်းဥက္ကဌနဲ့ စကားပြောဖို့ လပေါင်းများစွာနှုတ်ဆိတ်နေခဲ့ကြသူတွေဖြစ်ပါတယ်။
ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို
ဒီဂီယာနဲ့ မာရှယ်တို့ကို စာချုပ်သက်တမ်းမကုန်ဆုံးမီ သဘောတူညီမှုရရှိဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး Daily Mirror ရဲ့ရေးသားချက်အရ ဒီဂီယာနဲ့ မာရှယ်တို့ရဲ့အေးဂျင့်တွေဟာ ဆန်းချက်ဇ်ရဲ့လစာပမာဏကို ညှိနှုှိုင်းဆွေးနွေးမှုမှာ ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Photos: Metro
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းကနေ အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၄ သိန်းကျော်ပေးချေနေရတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့အသင်းဖော်တွေဖြစ်တဲ့ ဒီဂီယာနဲ့ မာရှယ်တို့ကလည်း ယင်းအချက်ကို အခွင့်ကောင်းယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိဖို့ မျှော်မှန်းနေတယ်လို့ သိရပါတယ်။
ဒီဂီယာဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၎င်းရဲ့အရေးပါမှုကို သိရှိနေသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မာရှယ်ကိုလည်း ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အခက်အခဲတွေ့နေပြီး မာရှယ်ဟာ ပြီးခဲ့တဲ့လက အသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူဖြစ်ပါတယ်။