လီဗာပူးနဲ့ပွဲစဉ်က ခြေစွမ်းကို ကျေနပ်နေတာပါ။

လီဗာပူးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်ဟာ နည်းပြ အမ်မရီကို ကျေနပ်စေခဲ့ပြီး အာဆင်နယ်အသင်းဟာ ၎င်းတို့ပြုလုပ်နိုင်ခဲ့တဲ့ တိုးတက်မှုတွေကို ပြသခဲ့တာဖြစ်တယ်လို့ နည်းပြအမ်မရီက ခံစားနေရတာဖြစ်ပါတယ်။



gettyimages-1056939690.jpg

အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက လီဗာပူးအသင်းနဲ့ သရေကျခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေနဲ့ ကွာဟချက်မရှိကြောင်း ပြသခဲ့တာဖြစ်တယ်လို့ အမ်မရီက ယုံကြည်နေတာဖြစ်ပါတယ်။

စနေနေ့က အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရမှတ် ၁ မှတ်ကို လာကာဇက်က ရယူပေးခဲ့တာဖြစ်ပြီး ဂျိမ်းစ်မီလ်နာရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခဲ့ပြီး သရေရလဒ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မန်စီးတီး၊ ချယ်ဆီးအသင်းတို့နဲ့ တွေ့ဆုံခဲ့စဉ်က ရှုံးနိမ့်ခဲ့ပေမယ့်လည်း လီဗာပူးအသင်းကို သရေကစားနိုင်ခဲ့ပြီးနောက် ထိပ်ဆုံး ၄ သင်းထဲက စပါးအသင်းတစ်သင်းနဲ့သာ ကစားဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီက လီဗာပူးနဲ့ပွဲစဉ်က ၎င်းအသင်းရဲ့စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့လတွေက ပြုလုပ်ခဲ့တဲ့အရာတွေရဲ့ တိုးတက်မှုကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

"ပရီးမီးယားလိဂ်က ကျွန်တော်တို့အတွက် နံပါတ်တစ်ပြိုင်ပွဲပါ။ အဲဒါက ကျွန်တော်တို့ကို တစ်ရာသီ ၃၈ ပွဲအတွက် ကြီးမားတဲ့ ပုံမှန်ဖြစ်မှုကို ပေးစွမ်းပါတယ်"

"ခင်ဗျား စီးတီး၊ ချယ်ဆီး၊ လီဗာပူးအသင်းတို့နဲ့ကစားရတဲ့အချိန်မှာ အရမ်းအရေးကြီးပါတယ်။ ခင်ဗျား အနိုင်သာရရှိခဲ့မယ်ဆိုရင် ပိုတောင်ကောင်းပါသေးတယ်"

"ဒါပေမယ့် တခြားပွဲစဉ်တွေကလည်း အရေးကြီးတာပါပဲ။ ဘာလို့လဲဆိုတော့ ရမှတ် ၃ မှတ်ဆိုတာ လီဗာပူး ဒါမှမဟုတ် ခရစ်စတယ်ပဲလေ့စ် ဒါမှမဟုတ် နောက်အပတ် ဝုဗ်နဲ့ပွဲက ရတာဖြစ်ဖြစ် အတူတူပဲမို့လို့ပါ။ ဒီနေ့ကတော့ စမ်းသပ်မှုတစ်ခုပေါ့။ ကျွန်တော်တို့ လီဗာပူးလိုအသင်းကို ဘယ်လိုတုံ့ပြန်ကစားနိုင်ခဲ့လဲဆိုတာကိုပါ"

"မန်စီးတီး၊ ချယ်ဆီးနဲ့ကစားပြီးနောက် ဒီနေ့မှာ ကျွန်တော်တို့ဟာ အဲဒီအသင်းတွေနဲ့ ပိုပြီးနီးကပ်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအရည်အသွေးကို ကျွန်တော်တို့ ပွဲတိုင်းမှာ လိုအပ်ပါတယ်။ ပွဲစဉ်တိုင်းက အရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က