ဒါကြောင့် လက်ရှိမှာတော့ မန်စီးတီးအသင်းက ၁၁ ပွဲကစား ရမှတ် ၂၉ မှတ်နဲ့ အဆင့်(၁) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရတာနဲ့အညီ အကောင်းဆုံး ဧည့်ခံကစားသွားပါတယ်။



5754292-6351695-image-a-167_1541350500783.jpg

Photo: Daily Mail

 

၁၈ မိနစ်အတွင်း ၃ ဂိုးက ဒီပွဲမှာ မန်စီးတီးအနိုင်ကို ပြတ်ပြတ်သားသားဖြစ်သွားစေခဲ့တာလည်း ပါဝင်ပါတယ်။ပွဲစလို့ ၆ မိနစ်မှာပဲ မန်စီးတီးအသင်း အဖွင့်ဂိုး ရသွားပြီး ဆာနေးရဲ့ ဖြတ်တင်ပေးမှုကို ဆောက်သမ်တန်နောက် ခံလူ ဝီလ်စလေ ဆန္ဒဆောပြီး ဖြတ်ထုတ်ခဲ့လို့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသွားပါတယ်။အဲ့နောက် မန်စီးတီးအသင်းကပဲ ဆက်လက်ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ၁၂ မိနစ်မှာ စတားလင်းရဲ့ ပေးပို့မှုက တဆင့် အဂူရိုကလည်းကောင်း၊၁၈ မိနစ်မှာတော့ ဆာနေးရဲ့ ဖန်တီးပေးမှုကတဆင့် အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားကလည်းကောင်း အသီးသီးသွင်းယူခဲ့ပါတယ်။ပွဲချိန် မိနစ် ၃၀ အရောက်မှာတော့ ဆောက်သမ်တန်အသင်း ပင်နယ်တီ ပြန်ရခဲ့ပြီး ဒန်နီအင့်ဂ်က သွင်းယူပေးခဲ့ တာပါ။ ပထမပိုင်း ပြီးဆုံးဖို့ ၁ မိနစ်အလိုမှာတော့ စတားလင်းက အသင်းအတွက် စတုတ္ထဂိုးကိုသွင်းယူပြီး ပထမပိုင်း အပြီးမှာ ၄-၁ ဂိုးနဲ့ မန်စီးတီးက ဦးဆောင်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်ဖို့ နီးစပ်နေပြီလို့ ယုံကြည်နေတဲ့ အူနိုင်းအမ်မရီ 

Photo: Daily Mail

 

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကသာ ဆက်လက်ဖိအားပေးနေခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ စတားလင်းက အဂူရိုရဲ့ ဖန်တီးပေးမှုကလည်း ထပ်မံသွင်းယူခဲ့ပါတယ်။အဲ့နောက် ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ ပြည့်လို့နာကျင်အချိန်ပို ၁ မိနစ်မှာ လီရွိုင်းဆာနေးက သွင်းယူခဲ့ တာကြောင့် ပွဲအပြီးမှာ မန်စီးတီးက ၆-၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။ ဒီကနေ့ပွဲမှာ အနိုင်ရသွားတဲ့ မန်စီးတီးအသင်းကတော့ အစဉ်အလာအတိုင်းပဲ ဆောက်သမ်တန်နဲ့ တွေ့ဆုံသမျှ ၁၀ ပွဲမှာ ၈ ပွဲအထိအနိုင်ယူပြီး ၁ပွဲသရေ ၁ ပွဲသာရှုံးထားတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။

Daily Mail

 

အဲ့လိုပဲ ဆောက်သမ်တန်အသင်းကလည်း မန်စီးတီး အိမ်ကွင်းလာကစားတဲ့ နောက်ဆုံး ၉ ပွဲမှာ တစ်ပွဲမှ မနိုင်ဖူး ပဲ တစ်ပွဲသရေကျပြီး ၈ ပွဲအထိ ရှုံးပွဲရှိလာခဲ့ပါပြီ။ပေးဂိုး တစ်ဂိုးပေးလိုက်ရတာကြောင့် မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ၇ ပွဲဆက် ပေးဂိုး မရှိ စံချိန်ကတော့ ပျက်ပြယ်သွားခဲ့ရပါတယ်။ဒါပေမယ့်လည်း မန်စီးတီးအသင်းကတော့ ပြိုင်ဖက် လီဗာပူးအသင်း စနေနေ့က အာဆင်နယ်အသင်းနဲ့ သရေသာ ကစားနိုင်ခဲ့တဲ့ အခြေအနေကို အကောင်းဆုံး အခွင့်အရေး အပြည့်အ၀ ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ဒါကြောင့် လက်ရှိမှာတော့ မန်စီးတီးအသင်းက ၁၁ ပွဲကစား ရမှတ် ၂၉ မှတ်နဲ့ အဆင့်(၁)၊လီဗာပူးအသင်းက ၁၁ ပွဲကစား ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၂ နေရာတွေမှာ ရပ်တည်နေပါတယ်။မန်စီးတီးအသင်းအနေနဲ့ လာမယ့်တစ်ပတ် မန်ယူအသင်းနဲ့ ပွဲကြပ်မကစားခင် ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ရှက်တာဒိုးနက် အသင်းနဲ့ ကစားဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က