သရုပ်ဆောင် ခင်သဇင်ကလည်း အနီးကပ်ပြုစုပေး နေတာကို တွေ့ရပါတယ်။

ကုတင် ၅၀၀ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခင်သဇင်က တော့အနီးကပ် ပြုစု စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒီနောက် အဆိုတော် ယုန်လေးကလည်း ကစ်ကစ် ရဲ့ ကျန်းမာရေးအတွက် တတ်နိုင်သလောက် အလှူငွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။



Photo: ခင်သဇင်ဖေ့စ်ဘွတ်

 

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် ခင်သဇင်က ကူညီစောင့် ရှောက်မှုတွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် အဆိုတော်ယုန်လေးကလည်း ကျန်းမာရေး ထောက်ပံ့ငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' ဆေးရုံအထိ အပင်ပန်းခံပြီး လာလှူပေးသွားတဲ့ ကိုယုန်လေးကို အရမ်းကျေးဇူးတင် လေးစားမိပါတယ်။ မကစ်ကို တွေ့ရဖို့ အတွက်တဲ့ ခင် သဇင့်ကို ဆေးရုံ အရှေ့ ပလက်ဖောင်း လမ်းဘေးကြီးမှာ ငုတ်တုတ်ကြီး လာထိုင်စောင့်နေတယ်။ ည ၁၁ ကျော်အထိလည်းနေပေးသွား တယ်။ အစ်ကိုတွေ ရှိတော့လုပ်ရတာ ပိုအားရှိသွားပါတယ်။ ကျေးဇူးပါ ကိုယုန်လေး'' ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီ ၂၃ မိနစ် က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

Photo: ခင်သဇင်ဖေ့စ်ဘွတ်

အရေးပေါ် ဆေးရုံတင်လိုက်ရပြန်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် 

သရုပ်ဆောင် ခင်သဇင်ရဲ့ ကျေးဇူးတင်စကားအပေါ် အဆိုတော် ယုန်လေးက အခုလို တုံ့ပြန်စကားပြောပြခဲ့ပါသေးတယ်။ ဟာသ သရုပ် ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို မြင်တွေ့ခဲ့ရတဲ့ ယုန်လေးဟာ အင်မတန်မှ စိတ်မကောင်းလည်း ဖြစ်ခဲ့ရသလို နောက်ထပ် လည်း အလှူငွေတွေ ကောက်ခံပေးမယ်လို့ သိရပါတယ်။

'' ညီမလေးကိုလည်း လေးစားပါတယ် တာဝန်တစ်ခု အနေနဲ့ယူလုပ်ပေးတဲ့အတွက် အစ်ကိုတို့လည်း တက်နိုင်သလောက် ဝိုင်းကူတာပါ။

မနက်ဖြန် အလှူလည်းထက်ခံပေးပါ့မယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီ ၂၃ မိနစ် ကပဲ ခင်သဇင်ရဲ့ Status အောက်မှာ ပြန်လည် Comment ပေးခဲ့တာဖြစ်ပါတယ်။

Photo: ခင်သဇင်ဖေ့စ်ဘွတ်

ယုန်လေးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကစ်ကစ်ကို သွားလှူခဲ့တာ သီတင်းကျွတ်မုန့်ဖိုး သိန်း(၂၀၀) လို့ သွားလှူခဲ့တာမဟုတ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ သွားလှူခဲ့တာလို့ ဆိုပါတယ်။ သီတင်းကျွတ် မုန့်ဖိုး သိန်း(၂၀၀) ရတယ်ဆိုတာကလည်း စနောက်ပြီး ပြောထားတာပါလို့ ယုန်လေးက နိုဝင်ဘာ(၆) ရက်နေ့က သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

 

သရုပ်ဆောင် ကစ်ကစ်ဟာ လက်ရှိမှာ ကုတင် ၅၀၀ဆေးရုံကြီးမှာရှိတဲ့ ဆီးနဲ့ကျောက်ကပ် အထူးကုဌာနာမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။သူမအနေနဲ့  ကျောက်ကပ်ဆေးချင်ပေမယ့်လည်း ငွေကြေးမပြည့်စုံတဲ့ အနေအထားကြောင့် ကုသမှု မလုပ်နိုင်ခဲ့ဘူးလို့ သိရပါ တယ်။ ကျောက် ကပ်အစားထိုး ကုသပါက ၅ နှစ်ထက်ပို မနေရနိုင်ဘူးလို့လည်း ကိုမင်းကိုက အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့တာတွေ့ရပါတယ်။

Photo: မင်းကိုဖေ့စ်ဘွတ်

 

ယုန်လေးဟာ ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်းရှိပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဟာသ လူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းကိုလည်း ကျန်းမာရေး ထောက်ပံ့ငွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က