အရမ်းလည်း ချစ်ကြတယ်။

စန္ဒီမြင့်လွင် တစ်ယောက် ပရိသတ်တွေအတွက် သတင်းကောင်းလေး ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အိမ်ထောင် ရှင် ဇနီး တစ်ယောက်အနေနဲ့ ခင်ပွန်းအပေါ် ထားတဲ့ သဘောထားကိုလည်း သူက ပြောပြခဲ့ပါသေးတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

အဆိုတော်မလေး စန္ဒီမြင့်လွင် တစ်ယောက် ရင်သွေးလေး ယူဖို့ ကြိုးစားနေပြီလို့  သိရပါတယ်။ လက်ရှိမှာလည်း သူ ဖြတ်သန်းနေရတဲ့ အိမ် ထောင်ရေးနဲ့ အတူ ဇနီးသည် တစ်ယောက်က ခင်ပွန်းအပေါ် ထားတဲ့ စိတ်သဘောထားကိုလည်း Duwun Media ကနေတဆင့် ပြောပြခဲ့တာ တွေ့ရပါတယ်။

'' ကြိုးစားနေတယ်၊ ရတော့မယ် ထင်တာပဲ၊ ဒီနှစ်မှာ စယူရင်တော့ နောက်နှစ်မှ မွေးမှာပေ့ါနော်။ သူ့အပေါ်က ကျတော့ အရင်တုန်းကတော့ ရည်းစား၊ ချစ်သူပေါ့။ အိမ်ထောင်ကျသွားတော့ ခင်ပွန်းပေါ့။ သူက ခင်ပွန်းဆိုတာထက် မောင်နှမ တွေလိုမျိုးလည်း ဖြစ်လာတယ်၊ ပြီးတော့ ကိုယ့်အဖေလိုမျိုး၊ အစ်ကိုလိုမျိုး အားကိုးမိလာတယ်။ အရာရာ သူ့အပေါ် အားကိုးမိလို့လည်း စိတ်ကို လျှော့နေရတယ်'' လို့ ဆိုပါတယ်။

ခင်ပွန်းရဲ့စကားကြောင့် ဝမ်းနည်းတယ်လို့ဆိုလာတဲ့ စန္ဒီမြင့်လွင် 

ကိုသီဟလွင် နဲ့ စန္ဒီမြင့်လွင်တို့ စုံတွဲလေးဟာ ချစ်သူ ဘဝမှာသာမက အိမ်ထောင်ရှင်ဘဝမှာပါ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ် တတ်ကြ လို့ ပရိသတ်တွေကတောင် အားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။

'' နှစ်ယောက်စလုံးက ရိုတတ်တာ။ ချစ်တာတော့ အရမ်းချစ်တယ် သူရော ကိုယ်ရောပဲ'' ဆိုပြီးတော့ နိုဝင်ဘာလ ၄ ရက်နေ့ ညနေက မြန်မာ ပလာဇာမှာ ကျင်းပပြုလုပ်တဲ့ A|X Fashion ဆိုင်ရဲ့ ဒီဇိုင်းအသစ်တွေ မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ကျ ပြီးတဲ့ အချိန်မှာလည်း အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ 

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

လက်ရှိမှာတော့ စန္ဒီမြင့်လွင်ဟာ ညီအစ်မတွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင်တို့နဲ့အတူ '' မင်းသမီး'' ပိုးထည်ဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေးမှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင်က အကြံဉာဏ်ကောင်းတွေ ပေးသလို ပံ့ပိုးပေးတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။

'' စီးပွားရေးကလည်း ဒီးဒီက ကိုယ့်အမျိုးတွေနဲ့ မောင်နှမတွေနဲ့ ပေါင်းဖွင့်တာဆိုတော့ ပိုးထည်ကလည်း လိုက်ဖက်တယ်၊ ဖွင့်ပါ ဆိုပြီးတော့ သူက အကုန် ပံ့ပိုးပေးတယ်။ ဒါပေမယ့် သူလည်း သူ့စီးပွားရေးနဲ့ သူဆိုတော့ အကုန်လုံးတော့ ဝင်မပါနိုင်ဘူး။ အကြံလည်း ပေးပါတယ်။ ဒီဘက်မှာကလည်း ညီအစ်မတွေ အကုန်စုပြီးဖွင့်တာဆိုတော့ အရမ်းကြီးလည်း မပေးဖြစ်ပါဘူး'' ဆက်လက် ပြောပြလာပါတယ်။

 

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က