အရမ်းချစ်တဲ့အကြောင်းတွေကို တဖွဖွပြောတတ်သူပါ။

ထွန်းထွန်းနဲ့ ဆုစန္ဒီဦးတို့ ချစ်သူ နှစ်ဦးကတော့ ချစ်သူသက်တမ်း ၁ နှစ်နဲ့ ၄ လပြည့်သွားပြီလို့ သိရပါတယ်။ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းရဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားတဲ့ ထွန်းထွန်းက ချစ်သူလေးနဲ့ ပုံတွေတင်တိုင် အမြဲတမ်းပျော်ရွှင်နေတာကို တွေ့ရတတ်ပါတယ်။



Photo: ထွန်းထွန်းဖေ့စ်ဘွတ်

 

ပရိသတ်အချစ်ကို အများကြီးပိုင်ဆိုင်ထားတဲ့ အနုပညာရှင် စုံတွဲတစ်တွဲ ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီထွန်းထွန်းနဲ့ ဆုစန္ဒီဦး တို့ အတွဲကတော့ ချစ်သူ သက်တမ်း ၁ နှစ်နဲ့ ၄ လကျော်ခဲ့ပြီလို့ သိရပါတယ်။ အဲ့ဒီနောက် ထွန်းထွန်းက သူ့ရဲ့ ကောင်မလေးကို အရမ်းချစ်တဲ့ အကြောင်းတွေကိုလည်း အခုလို ရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။

'' Happy 1 year & 4 months Anniversary အတူတူရှိကြတာ ရက်ပေါင်း ၄၈၉ ရက်ပြည့်ပြီ။ အစစအရာရာ အခုထက်ပိုပြီး ဂရုတစိုက် ချစ်ပါ့ မယ်။ အလိုလိုက်ပါ့မယ်။ အခုကစပြီးနောက်ထပ်ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာကို အတူတူကျော်ဖြတ်ကြမယ်နော်။ တစ်ခါတခါမှာ နား လည် မှုလွဲလို့အငြင်းအခုန်တွေဖြစ်ပြီးစကားတွေများကြရင်လည်း ချစ်တဲ့စိတ်နဲ့ပဲဖြေရှင်းကြမယ်။ အရမ်းချစ်တယ်သဲပိစိလေးရေ။ #1year_ and_ 4months #Couple_shirt #Our_memory'' ဆိုပြီးတော့ နိုဝင်ဘာလ ၆  ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ ပါတယ်။

Photo: ထွန်းထွန်းဖေ့စ်ဘွတ်

 

ထွန်းထွန်းဟာ ချစ်သူကောင်မလေးနဲ့ ပုံတွေတင်တိုင်း အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။သူ့ရဲ့ အမှန်တကယ်ပျော်ရွှင်မှုတွေကိုလည်း ပရိသတ်တွေက မြင်နိုင်မှာပါဆိုပြီးတော့  သြဂုတ်လ ၁၅ ရက်နေ့က အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ကား ကန်တော့ပွဲပေးအခမ်းအနားမှာ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' သူနဲ့တွေ့ရင် ပျော်နေတဲ့ စိတ်ကိုအထင်းသားမြင်နိုင်ပါတယ်။ လူတစ်ယောက်ကလေ ကိုယ့်ရဲ့တွန်းအားပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုတွေဟာ အရာအာလုံးအတွက် အရေးပါတယ်။ ကိုယ့်အတွက် တွန်းအားဖြစ်စေတာက ဘယ်အရာတွေလည်း၊ တွန်းအားမဖြစ်တဲ့အရာတွေက ဘယ်ဟာ တွေလည်းဆိုတာကို ခွဲခြားပြီး ဖယ်ထုတ်နိုင်ရင်တော့ လူတစ်ယောက်မှာ ပျော်စရာတွေပဲရှိမယ်လို့ မြင်တယ်'' လို့ ပြောပါတယ်။

ချစ်သူသက်တမ်း ၁ နှစ်နဲ့ ၃ လကျော်သွားပြီဆိုတဲ့ ထွန်းထွန်း 

Photo: ထွန်းထွန်းဖေ့စ်ဘွတ်

 

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတာကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကို ခံထားရတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ ထွန်းထွန်းကိုတော့ ချစ်သူကောင်မလေးက ''ကိုကို'' လို့ခေါ်သလို ထွန်းထွန်းကတော့ ချစ်သူလေးကို ''သဲပိစိလေး'' ဆိုပြီး ချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်။

'' ကျွန်တော့်ကို ပြောကြတယ် အခုမှ အချစ်စစ်တွေ့တာလားပေါ့။ ကျွန်တော် ပြောချင်တာကတော့ ဗလတောင်ဖို့ လေ့ကျင့်ချင်တဲ့ လူ တစ် ယောက် က ဗလတောင့်ဖို့ အအိပ်၊ အစားမှန်ရတယ်၊ လေ့ကျင့်ခန်းလုပ်တာ မှန်ရတယ်။ အကုန်မှန်မှ တင့်တင့်တယ်တယ် ကြွက်သားတွေ ထွက်လာမယ်။ ကျွန်တော့်အနေနဲ့ ဒီအရွယ်ကြီးကျမှ ချစ်တယ်ဆိုတာကလည်း အကုန်စုပြုံပြီး မှန်သွားလို့တော့ ထင်တယ်'' လို့ ဆိုပါတယ်။

Photo: ထွန်းထွန်းဖေ့စ်ဘွတ်

 

ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က