သူ့ဇာတ်ကားနှစ်ကားလုံး တစ်ပြိုင်တည်း ရုံတင်တာကြောင့်ပါ။

သူပါဝင်ထားတဲ့  "အမုန်းတွေ ခေါက်ထားလိုက်"ဇာတ်ကားနဲ့ "မီ" ရုပ်ရှင်ဇာတ်ကားတို့ဟာ နိုဝင်ဘာ(၉) ရက်နေ့ကစပြီး ရုံပြိုင်စနစ်နဲ့ ပြသလျက်ရှိတာပါ။



နေတိုးဟာ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကား တစ်ပြိုင်တည်း ရုံတင်ပြသနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အားနာမိတယ်လို့ ဆိုပါတယ်။ သူပါဝင်ထားတဲ့  "အမုန်းတွေ ခေါက်ထားလိုက်"ဇာတ်ကားနဲ့ "မီ" ရုပ်ရှင်ဇာတ်ကားတို့ဟာ နိုဝင်ဘာ(၉) ရက်နေ့ကစပြီး ရုံပြိုင်စနစ်နဲ့ ပြသလျက်ရှိတာပါ။ ဒီလိုမျိုး ဇာတ်ကားနှစ်ကားလုံး အပြိုင်ရုံတင်နေတာနဲ့ ပတ်သက်ပြီး နေတိုးက ယခုလို ပြောထားတာ တွေ့ရပါတယ်။

Photo : နေတိုး FB

 

"ရုပ်ရှင်နှစ်ကား တပြိုင်တည်းရုံတင်တယ်တဲ့ ပရိသတ်ကိုအားနာမိတာတော့ အမှန်ပဲဟုတ်တယ်လေပရိသတ်ကတော့ နှစ်ကားလုံးကြည့် ချင်ကြမှာပဲပေါ့။ ဘယ်အရာမှာ မဆိုတန်ဆေးလွန်ဘေးပါပဲ အတ္တကြောင့်ဖြစ်တဲ့ လောဘဟာဆံုံးရှုံးမှုတွေပဲ ဖြစ်လာရတယ်ဆိုတာ ရှေးလူကြီးတွေ ဥပမာပေးခဲ့တ ာတွေများကြီးပါ။ အလိုကြီးတော့အရနည်း တဲ့ငန်းရွှေဥ ဥတဲ့ပုံပြင် အတ္တကြောင့်ရူးသွားရတဲ့ မပေးပေးပေး ပေးပေးပေး ငါ့ရွှေခွက်ကိုပေးဆိုတဲ့ ရွဲကုန်သည်ကြီးအကြောင်း ဒါတွေကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ပြစရာလိုမယ်တော့မထင် ရိုက်ပြစရာ မလိုဘူးဆိုပေမဲ့ ပြောပြစရာလိုမယ်ထင်လို့ပြောပါရစေ။"ဆိုပြီး နိုဝင်ဘာ(၉) ရက်နေ့က နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထား တာဖြစ်ပါတယ်။

Photo : နေတိုး FB

 

ထို့အပြင် သူပါဝင်ထားတဲ့ ဇာတ်ကားသုံးကားလုံးရဲ့ နာမည်လေးတွေကို ဆက်ဆက်ပြီး ယခုလို ပြောထားပါသေးတယ်။

"တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေကိုခေါက်ထားလိုက်ပါ မီလေးရေ မုန်းစွဲ စွဲသွားရင်သံသရာဝဋ်ဆင်းရဲကပူလောင်လွန်းပါတယ်။ အားလုံး အပူတွေငြိမ်းအေးနိုင်ကြပါစေ" ဆိုပြီး နေတိုးက ဆိုပါတယ်။

"အမုန်းတွေ ခေါက်ထားလိုက်"ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ သားညီရိုက်ကူးထားတာဖြစ်ပြီး နေတိုး၊မိုးဟေကိုတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီးပရိသတ်တွေရဲ့ အမောတွေကို ပြေပျောက်စေမယ့် ဟာသအချစ်ဇာတ်ကားလေး ဖြစ်ပါတယ်။

Photo : နေတိုး FB

 

"မီ" ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ဏကြီးက စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဲ့ဇာတ်ကားမှာ နေတိုး၊ ပိုင်ဖြိုးသု၊ သားညီ၊ အောင်ရဲထိုက်တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ၁၉၅၀ နောက်ပိုင်းက စစ်ပြီးခေတ် ကာလကို ရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေနဲ့ အနုပညာလောသများ တော်တော်များများရဲ့ ကောမန့် ကောင်းတွေ ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

သရုပ်ဆောင် နေတိုးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပါပြီ။ မကြာသေးခင်က ပုပ္ပါးမှာ အိန္ဒြာကျော်ဇင်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့တယ်လိုု့ သိရပါတယ်။

မင်းသွေးအတွက် အလှူအတန်းတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ နေတိုး 

နေတိုးဟာ အနုပညာအလုပ်တွေ လုပ်ရင်း ညီဖြစ်သူ(မင်းသွေး)အတွက် အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ပေးလျက်ရှိပါတယ်။

'' သူ ဘုရားတည်ထားတာရှိတယ်လေ အဲ့ဒီအတွက် ရေစက်ချရမယ်။ ရခိုင်မှာပေါ့နော် ကျွန်တော်တို့ မွေးရပ်မြေဇာတိမှာပဲ ရေစက်ချဖို့ရှိ ပါတယ်။ သူကိုယ်တိုင် Production လုပ်ထားတဲ့ ဇာတ်ကားတွေရှိပါတယ်။ အဲ့ဒီလို ဇာတ်ကားတွေ ရုံတင်တဲ့ အချိန်မှာလည်း ရလာတဲ့ အကျိုးအမြတ် တွေ ကို မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒီအတွက် ပရိသတ်တွေလည်း လာရောက်အား ပေးရင်း မင်းသွေးအတွက် ကုသိုလ်ပါဝင်ယူနိုင်ကြပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။'' လို့ မင်းသွေးရဲ့ တစ်လပြည့် အလှူတုန်းက ပြောပြခဲ့ပါတယ်။

Photo : နေတိုး FB

 

၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက် ရောက်ခဲ့ပြီး ဂီတအပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

Photo : နေတိုး FB

 

အဲ့ဒီနောက် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို  မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က