လီဗာပူးကိုရောင်းချမယ်ဆိုတဲ့ သတင်းကို အမေရိကန်မီဒီယာက အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်အခြေစိုက် အားကစားစီးပွားရေးလုပ်ငန်းစုတစ်စုဖြစ်တဲ့ Fanway Sports က ဒေါ်လာ(၂)ဘီလျံနဲ့ ရောင်းချတော့မယ်ဆိုတဲ့ သတင်းကို လီဗာပူးအသင်းဘက်က ငြင်းဆိုလိုက်ပါတယ်။

45805389_326618511498170_3063757879140941824_n.jpg

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လီဗာပူးအသင်းကို ရောင်းချမယ်ဆိုတဲ့သတင်းကို အမေရိကန်မီဒီယာက အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပါတယ်။ နယူးယော့ခ်ပို့စ်က လီဗာပူးအသင်းပိုင်ရှင်ဖြစ်သလို Fanway Sports ကိုလည်း ဦးဆောင်နေတဲ့ ဟင်နရီရဲ့ကိုယ်စားလှယ်တွေဟာ အသင်းအရောင်းအဝယ်ကိစ္စအတွက် စတင်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။





ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ရလဒ်တွေကောင်းနေချိန် ပိုင်ရှင်အပြောင်းအလဲဖြစ်မယ်ဆိုတဲ့သတင်း ကြောင့် တည်ငြိမ်မှုထိခိုက်မှာကို မလိုလားတဲ့အတွက် ဒီသတင်းတွေကို လီဗာပူးတာဝန်ရှိသူတွေက ချက်ချင်း ငြင်းဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟင်နရီဟာ အသင်းမှာ ရေရှည်ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။


လီဗာပူးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က”အခြေအမြစ်မရှိတဲ့သတင်းတွေကို လုံးဝငြင်းချင်ပါတယ်။ အသင်း ကို လျှို့ဝှက်ရောင်းချဖို့ရော တစ်ခြားနည်းနဲ့ ရောင်းချဖို့ပါ အစီအစဉ်လုံးဝမရှိဘူးလို့ ထပ်လောင်းပြောကြားချင်ပါတယ်”လို့ပြောပါတယ်။ လီဗာပူးအသင်းကို ပိုင်ဆိုင်ထားတဲ့ Fanway Sports Groupဟာ အမေရိကန် ဘေ့စ်ဘောအသင်းတစ်သင်းဖြစ်တဲ့ ဘော့စတွန်ရက်ဆော့စ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က