သရေရလဒ်သာ ရရှိခဲ့တာပါ။

ယနေ့ည ၈ နာရီ ၄၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နောက်ဆုံး ၅ ပွဲစလုံးမှာ အနိုင်ရရှိထားပြီး ပုံစံကောင်းပိုင်ဆိုင်နေပေမယ့် အဲဗာတန်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။



Photos: Daily Mail

 

ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ ဝီလီယံ၊ မိုရာတာနဲ့ အီဒင်ဟာဇက်တို့ကို အသုံုးပြုခဲ့ပြီး ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ကွင်းပရိသတ်ရှေ့မှာလည်းဖြစ်၊ ရာသီအစကတည်းက အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ပွဲစတင်ချိန်ကတည်းက တိုက်စစ်ဆင်ကစားခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ပထမပိုင်းမှာ နှစ်သင်းစလုံး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်စီလောက်သာ ရရှိခဲ့ကြပြီး တစ်ဖက်အမှားကို တစ်ဖက်က စောင့်ကြည့်ရင်းနဲ့သာ ကစားနေခဲ့ကြတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဧည့်သည်အဲဗာတန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထားနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၁၀ ကြိမ်မှာ ၉ ကြိမ်အထိ အောင်မြင်ခဲ့ပါတယ်။

Photos: Daily Mail

 

ဒုတိယပိုင်းမှာ အိမ်ရှင် ချယ်ဆီးအသင်းက တရကြမ်းတိုက်စစ်ဆင်လာခဲ့ပြီး အဲဗာတန်အသင်းရဲ့ နောက်ခံကစားသမားတွေနဲ့ ဂိုးသမား ပစ်ဖို့ဒ်ကလည်း အစွမ်းကုန်ခုခံကာကွယ်နိုင်ခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ ဝီလီယံနဲ့ ကွင်းလယ်က ဂျော်ဂျင်ဟိုတို့ဟာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတယ်လို့ ပြောရမှာဖြစ်ပြီး ဝီလီယံဟာ ပင်နယ်တီဧရိယာအတွင်း အပိုင်ကန်သွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

၇၂ မိနစ်မှာ အက်ဇ်ပလီကူတာ ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို မိုရာတာ ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ချယ်ဆီးအသင်း ဂိုးရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ၇၄ မိနစ်မှာ ကိုဗာဆစ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဟာဇက် ပင်နယ်တီဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ပစ်ဖို့ဒ်က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပက်ဒရို၊ ဖာဘရီဂတ်စ်၊ ဘာကလေတို့ကို ထည့်သွင်းကစားစေခဲ့ပြီး ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပေမယ့် ရလဒ်ကိုတောင် မပြောင်းလဲနိုင်ခဲ့ဘဲ သရေကျခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က