ဒီနေ့က စပြီးရုံတင်နေပါပြီ။

ဒီနေ့က စပြီး ရုံတင်ပြသလျှက်ရှိတဲ့ '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုကတော့ အရမ်းကို အံ့မခန်းပါပဲ။ မြန်မာနိုင်ငံမှာ သာမက စင်္ကာပူ နိုင်ငံအထိပါ အောင်မြင်မှုတွေ ရရှိနေပြီလို့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပြခဲ့ပါတယ်။



Photo: မုန်းစွဲ

 

နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး ရုံတင်ပြသနေတဲ့ '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ ကြက်သီးထစရာကောင်းလောက် အောင် အောင်မြင်မှုတွေရနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာသာမက စင်္ကာပူနိုင်ငံမှာပါ အောင်မြင်မှုတွေရရှိနေတယ် လို့လည်း ထုတ်လုပ်သူ ကိုဝေမင်းမောင်က Duwun Media ကို သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' အောင်မြင်တယ်လို့ ပြောလို့ရတာပေ့ါနော်၊ Mage ACE ရုပ်ရှင်ရုံတွေနဲ့ JCGV ရုပ်ရှင်ရုံတို့မှာလည်း ပရိသတ် တောင်းဆိုသလောက်  ၃ ပတ်၊ ၄ ပတ်လောက် ပြရင်လည်း ပြဖြစ်သွားမယ်။ လက်မှတ်အစောင်ရေ က မြန်မာတစ်နိုင်ငံလုံးမှာ ပထမရက်နဲ့တင် ၉၀ ရာခိုင်နှုန်းလောက် ရောင်း အားကောင်းခဲ့တယ်။ စင်္ကာပူမှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ပဲ။ ပွဲတိုင်းနီးပါး အားပေးကြတာဆိုတော့လေ'' လို့ ဆိုပါတယ်။

Photo: မုန်းစွဲ

 

''မုန်းစွဲ''ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အောင်မြင်မှု အမှတ်တရ အနေနဲ့ ကွယ်လွန်သူ မင်းသွေးအတွက် ရည်စူးပြီးအလှူအတန်းတွေ ပြုလုပ် သွားမယ် လို့လည်း ကိုဝေမင်းမောင်က ဆက်လက် ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် စကာၤပူနိုင်ငံမှာရှိတဲ့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားမယ် လို့ ပြောပါတယ်။

''အစ်ကို ကတော့ အလှူလုပ်မှာပေါ့။ ကိုမင်းသွေးအတွက် ရည်ရွယ်ပြီးတော့ အလှူတွေ ထပ်လုပ်သွားဖို့ရှိတယ်။ ပြီးတော့ စင်္ကာပူက ပရိသတ် တွေ နဲ့လည်း နိုဝင်ဘာလ ၂၄ ရက်နေ့မှာ သွားရောက် တွေ့ဆုံဖို့ရှိတယ်။ အစ်ကိုတွေ ကျေးဇူးတင်တဲ အနေနဲ့ သွားတွေ့ကြမှာပါ'' လို့ သူက ဆိုပါတယ်။

ဖွေးဖွေးကိုယ်တိုင် သင်ခန်းစာတွေအများကြီးရခဲ့တယ်ဆိုတဲ့ မုန်းစွဲ 

Photo: မုန်းစွဲ

 

ကိုဝေမင်းမောင်က ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကို အားပေးဖို့ မနက်ကတည်းက စောင့်ပြီး လက်မှတ်တန်းစီခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာပါတယ်။  ဒီ့အတွက်လည်း အများကြီး အားနာခဲ့ရတယ်လို့ ဆိုပါတယ်။

'' မန္တလေးက ပရိသတ်တွေဆိုရင် တော်တော်သနားဖို့ကောင်းပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်ကတည်းက လက်မှတ်လာတန်းစီကြ တာ ည ၁၀ နာရီအထိ လက်မှတ် မရသွားတဲ့လူတွေနဲ့ဆိုတော့ အရမ်းအကြီးအကျယ် ပြဿနာတက်တာပေါ့နော်။ အဲ့ဒီလို အားပေးကြတဲ့ ပရိသတ်တွေရှိတာလည်း အရမ်းကို ပီတိဖြစ်ရပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မုန်းစွဲ

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က