ပြင်သစ်အသင်းရဲ့ ၂၀၂၀ ဥရောပဖလား play -off မျှော်လင့်ချက်က နယ်သာလန်လက်ထဲ ရောက်သွားပါပြီ။

နေးရှင်းလိဂ် ခေါင်းစဉ်အောက်မှာ ၃ သင်းတစ်အုပ်စုစီ ပါဝင်တဲ့ အုပ်စုတွေမှာ ပတ်လည်စနစ်နဲ့ ကစားနေတာဖြစ်ပြီး အုပ်စုဗိုလ်အသင်းတွေက ၂၀၂၀ ဥရောပဖလားပြိုင်ပွဲရဲ့ play - off အဆင့်ကို တိုက်ရိုက် တက်လှမ်းခွင့်ရမှာဖြစ်ပြီး မအောင်မြင်တဲ့အသင်းတွေက ခြေစစ်ပွဲအဆင့်က စ တင်ကစားရပါမယ်။



Photo - Managing Madrid

 

နယ်သာလန်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းတို့ဟာ ဥရောပ နေးရှင်းလိဂ်ပြိုင်ပွဲ ခေါင်းစဉ်အောက်ကနေ မနေ့က ထိပ် တိုက်တွေ့ဆုံခဲ့ရာမှာတော့ နယ်သာလန်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စနေနေ့ မနက်ပိုင်း အားကစားသတင်းတိုများ 

နယ်သာလန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ လီဗာပူး ကစားသမား ဝစ်ဂျ်နယ်ဒန်က ပွဲချိန် ၄၄ မိနစ်နဲ့ လိုင်ယွန်ကစားသမား ဒီပေးက ပွဲ ချိန် ၉၆ မိနစ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘောကတဆင့် သွင်းယူပေးခဲ့ကြပါတယ်။

Photo - Prost International

 

အခုပွဲမှာ ပြင်သစ်အသင်း ရှုံးသွားလို့ ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတစ်ရပ်ကတော့ ရိုက်ချိုးခံလိုက်ရပါတယ်။ ဒါကြောင့် လက်ရှိမှာ ပြင်သစ်အသင်းက ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ ၃ သင်းပါ အုပ်စုကို ဦးဆောင်နေပေမယ့်လည်း နယ်သာ လန်နဲ့ ဂျာမနီအသင်းတို့က နောက်ဆုံးတစ်ကြိမ် ကစားဖို့ ကျန်ပါသေးတယ်။

ဒီအခြေအနေမှာ ပြင်သစ်အသင်းအတွက် မျှော်လင့်စရာက ဂျာမနီအသင်းက ခြေစွမ်းပြပြီး နယ်သာလန်ကို အနိုင်ကစားဖို့ပါပဲ။ဂျာမနီက နယ် သာလန်ကိုနိုင်ပါက နယ်သာလန်က ပြင်သစ်ကို အမှတ်မမီတော့ပဲ ၂၀၂၀ ခုနှစ်အတွက် ဥရောပဖလား play - off အဆင့်ကို တိုက်ရိုက် တက် လှမ်းခွင့်ကို ပြင်သစ်က ရရှိနိုင်မှာပါ။

 

နယ်သာလန်နဲ့ ဂျာမနီအသင်းတို့ရဲ့ နေးရှင်းလိဂ် လက်ကျန် ပွဲစဉ်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဆက်လက်ကစားသွားမှာ ဖြစ် ပြီး နယ်သာလန်အသင်းက သရေရလဒ် ထွက်ပေါ်ပါကလည်း ဂိုးကွာခြားချက်အသာစီးအရ အုပ်စုဗိုလ်ကို တက်လှမ်းနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က