ဘာတွေ ပြောင်းလဲ သွားကြလဲ။

ပရိသတ်အားကျတဲ့ အနုပညာရှင်စုံတွဲကတော့ ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်သူ သက်တမ်း ၃ နှစ်နီးပါး လက်တွဲလာကြတဲ့အချိန်မှာ နှစ်ယောက်လုံးမှာ ပြောင်းလဲသွားကြတဲ့ အချက်လေး တွေ ရှိ တယ်လို့ ဆိုပါတယ်။

photo:warsomoeoo

 

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ နှစ်ဦးရဲ့ ချစ်သူဘဝလေးကိုတော့ အားကျရတဲ့ ပရိသတ်တွေအများကြီးရှိပါတယ်။ ချစ်သူသက်တမ်း ၃ နှစ်ရှိပြီဖြစ်တဲ့ သူတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲ လာကြတဲ့အပိုင်းလေးတွေ ရှိတယ် ဆိုတာကို ဝါဆိုမိုးဦး နဲ့ဖြိုးလေးတို့က Duwun media ကနေပြောပြခဲ့ပါတယ်။

'' အရင်တုန်းက ဆိုးတယ်လို့ပြောကြတယ်၊ သူ့သူငယ်ချင်းတွေ တွေ့လည်း ဝါဆို့ကိုပြောတယ် အရမ်းဆိုးတယ် ကိုဖြိုးလေးက ဝါဆိုနဲ့တွေ့တော့ လည်း ဆိုးတော့ ဆိုးတယ် ဘယ်လို ဆိုးနေလဲတော့ မသိဘူး။ အရင်တုန်းကလောက်တော့ မဆိုးတော့ဘူးလို့ ပြောကြပါတယ်။ အရင်တုန်းက ဆို စိတ်ကြီးတယ် အခုတော့ လိမ္မာသွားပါပြီ'' A|X Fashion ဆိုင်ရဲ့ ဒီဇိုင်းအသစ်တွေ မိတ်ဆက်ပွဲ မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

photo:warsomoeoo

 

ဖြိုးလေးက ချစ်သူကောင်မလေး ဝါဆိုမိုးဦးရဲ့ ပြောင်းလဲသွားတဲ့ အရာလေးတွေကို ပြောပြလာပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို ပြုပြင် ပြောင်းလဲလိုက်မိတဲ့ အပိုင်းတွေ ရှိတယ်လို့ဆိုပါတယ်။

'' ပြောင်းလဲသွားတာတော့ သူကအများကြီးပဲ အရင်တုန်းကဆို သူ့သူငယ်ချင်းတွေနဲ့ ဟိုသွား၊ ဒီသွားပေါ့နော်။ အခုဆို ကျွန်တော်မပါရင် သူ ဘယ်မှ မသွားတော့ဘူးပေါ့နော်။ သူလည်းမသွားချင်တော့ဘူး ပြီးရင် ပြဿနာကတက် စကားကများဆိုတော့နှစ်ယောက်စလုံး စိတ်ညစ် ရ တယ်။ ကျွန်တော်လည်း သူမပါတဲ့နေရာဆိုရင်မသွားဖြစ်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ဘက်က ဆင်ခြင်လိုက်တာလေးတွေလည်း ရှိတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

photo:warsomoeoo

ချစ်သူူသက်တမ်းကြာလာတော့ ရန်ဖြစ်တာနည်းလာတယ်ဆိုတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး 

Rap အဆိုတော် ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါဘဲတဲ့။ ပုံစံချင်းမတူဘဲ လက်တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ညှိနှိုင်းရင်းနဲ့ဘဲ ချစ်သူသက်တမ်း ၂ နှစ်ကျော်၃ နှစ်နီးပါးရှိပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ဦးဟာ ကိုယ်ပိုင် စီးပွားရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။

 

ဖြိုးလေးဟာ ဂီတလောကမှာလည်း အောင်မြင်မှုတွေရရှိထားသလို ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ Rap အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဝါဆိုမိုးဦးကလည်း အနုပညာလောကမှာရော ဂီတလောကမှာပါ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေသူတစ်ဦးပါ။ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို အတူတူတွဲလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က