တွံတေးမြို့မှာရှိတဲ့ မင်္ဂလာပရဟိတ ကျောင်းမှာပါ။

ပိုးမီက သူ့ရဲ့ မွေးနေ့အလှူလေးကိုတော့ မိဘမဲ့ကလေး၊ ကျောင်းသားပေါင်း ၈၀၀ ကျော်ရှိတဲ့ တွံတေးမြို့က မင်္ဂလာပရဟိတ ကျောင်းမှာ ပြု လုပ်ခဲ့ပါတယ်။ သူမကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က အသက် ၃၀ ပြည့်ခဲ့ပြီလို့ဆိုပါတယ်။

 

အဆိုတော်ပိုးမီက သူ့ရဲ့ အသက် ၃၀ ပြည့် မွေးနေ့ အလှူလေးကိုတော့ သူချစ်ရတဲ့ We Love လေးတွေ နဲ့ အတူ နိုဝင်ဘာလ ၂၅ ရက်နေ့က တွံတေးမှာရှိတဲ့ မင်္ဂလာပရဟိတ ကျောင်း မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့မဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က အသက် ၃၀ ပြည့်ခဲ့တာပါ။

'' ဒီနေ့ကတော့ ပိုးမီရဲ့ မွေးနေ့ အလှူလေးလည်းဖြစ်သလို၊ ပိုးမီကို ချစ်တဲ့ Fan တွေနဲ့ စုပေါင်းပြီး တွေ့ဆုံတဲ့ အလှူပွဲလေးပါ။ အဝေးမှာရောက် နေတဲ့ Fan လေးတွေလည်း ကုသိုလ်ရအောင် သာဓုခေါ်လို့ရအောင် Live လွှင့်ပေးတာ ဖြစ်ပါတယ်။ ဒီကျောင်းမှာဆိုရင် မိဘမဲ့ ကျောင်းသား လေးတွေ ၈၀၀ ကျော်လောက်ရှိတယ်'' လို့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေတဆင့်ပြောပြခဲ့တာပါ။

Photo: ပိုးမီ

 

ပိုးမီဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာတော့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲတုန်းက သူငယ်ချင်း တွေရဲ့ Birthday Wish ကြောင့်လည်း ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဂီတအလုပ်တွေ မအားမလပ်ဖြစ်နေတာကြောင့် လည်း အလှူကို ချက် ချင်းမလုပ်ဖြစ်သေးတဲ့ အကြောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

'' အသက် ၃၀ ပြည့်ခဲ့ပြီ ဒီနှစ် မွေးနေ့ ရက်မှာ လူပန်း စိတ်ပန်း မအားတာနဲ့ ဘာမှမလုပ်တော့ပဲ ပွဲလေးဆိုရင်း ဖြတ်သန်းဖို့ပဲ တွေးထား ခဲ့တာပါ ။ အလှူလေးကိုတော့ လကုန်ခါနီးမှပဲ လုပ်ဖို့ရှိပါတယ်။ မွေးနေ့ညမှာ မထင်မှတ်တဲ့ surprise တွေ တိုက်တဲ့ အချစ်တုန်းကြီးတွေ ပြီးတော့ ဖုန်း တွေ ဆက်စာတွေပို့ ပို့စ်တွေတင်ပြီး မွေးနေ့ ဆုတောင်းပေးကြတဲ့ အနုပညာမောင်နှမတွေ နဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေများ ဖန်များ အားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်Reply တွေပြန်နေပေမယ့် တကယ်လို့များ မပြန်ဖြစ်ပဲ ကျန်ခဲ့တာတွေ ရှိခဲ့ရင် နားလည် ပေးပါနော်'' လို့ ဆိုပါတယ်။

Photo: ပိုးမီ

သူငယ်ချင်းတွေလုပ်ပေးတဲ့ Surprise ကြောင့်ပျော်ရွှင်ခဲ့တဲ့ ပိုးမီ 

ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

Photo: ပိုးမီ

 

ပိုးမီဟာ သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်မှာတော့ သူ့ရဲ့  ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ နောက်ထပ်တစ်ယောက် မရှိ ဆိုတဲ့ တစ်ကိုယ်တော်  တေးစီးရီးကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအခွေလေးကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က