နေတိုးရဲ့ လူဆိုးပုံစံကိုလည်း ကြိုက်ပါတယ်တဲ့။

သားညီက မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးနဲ့ မင်းသွေးတို့ရဲ့ ကာရိုက်တာအပြောင်းအလဲတွေ အကြောင်းကို ပြောပြလာပါ တယ်။

Photo: သားညီ

 

သရုပ်ဆောင်သားညီက လက်ရှိမှာ ရုံတင်ပြသလျှက်ရှိတဲ့ '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား ထဲမှာတော့ သူငယ်ချင်းဖြစ်သူ မင်းသွေးရဲ့ ကာရိုက်တာကိုလည်း အရမ်းကြိုက်တဲ့ အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆိုရင်တော့မိုက်တယ်ဗျာ။ ဒါက သူ့ကို မြင်နေကြမဟုတ်တဲ့ ကာရိုက်တာမျိုးပေါ့။ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ဆိုရင်တော့ သူ နည်းနည်းလေး လုပ်ယူထားတယ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အပြင်ကာရိုက်တာက အဲ့ဒီလို မဟုတ်ဘူးလေ။ '' လို့ ဆိုပါတယ်။

Photo: မုန်းစွဲ

 

အဲ့ဒီနောက် လူဆိုးကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်တဲ့ နေတိုးရဲ့ ကာရိုက်တာကိုလည်း သဘောကျနှစ်သက်တဲ့ အကြောင်း တွေ ရွှန်းရွှန်းဝေအောင် သားညီက ပြောပြခဲ့ပါတယ်။

'' ကိုနေတိုးကတော့ လုံးဝ ကွက်တိပဲ။ ကိုနေတိုးကိုကျတော့ လူဆိုးအခန်းတွေကြိုက်တယ်။ မင်းသွေးကိုကျတော့ ထမင်းစားတဲ့ အခန်းလေး ဟင်းထည့်ပေးတဲ့ အခန်းလေးပေါ့ အဲ့ဒါလေးကို ကြိုက်တယ်။ ဒါက သူ့ရဲ့ အပြင်ကာရိုက်တာပဲ'' ဆိုပြီးတော့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေ အကြောင်းကို နိုဝင်ဘာ(၁၁) ရက်နေ့က "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

အပြိုင်အဆိုင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေအပေါ် စိုးရိမ်နေတဲ့ သားညီ 

Photo: မုန်းစွဲ

 

ဒီဇာတ်ကားထဲမှာ နေတိုးနဲ့ မင်းသွေးတို့က ထူးဇော်နဲ့ ထူးမော် ဆိုတဲ့ အမြွှာညီအစ်ကို နှစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ အရမ်းကို ဆိုးတဲ့ မိုက်တဲ့ ကာရိုက်တာအပေါ်မှာလည်း ညီအစ်ကိုနှစ်ယောက်က အပေးအယူကောင်းကောင်းနဲ့ သရုပ်ဆောင်ခဲ့ကြတာပါ။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက စင်ကာပူမှာရော၊ မြန်မာနိုင်ငံမှာပါ တစ်ပြိုင်တည်း ပြသနေတာ ဖြစ်ပါ တယ်။

Photo: သားညီ

 

သားညီဟာ လက်ရှိမှာ "အကြင်နာမြစ်ဖျား" ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေလျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲကို Lar Lar Kyi App ကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး မိုးယံဇွန်၊ ထူးအောင်၊ Wai လျှံ ၊ ဝေဖြိုး၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ ချစ်စနိုးဆု နဲ့ မေကဗျာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က