ကိုယ့်ဂိုးကိုယ်သွင်းပြီး အဖွင့်ဂိုး ပေးခဲ့ရတာပါ။

ယနေ့ည ၈ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘုန်းမောက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကို ၆၇ မိနစ်မှာ အူဘာမီယန်းက သွင်းယူပေးခဲ့တာဖြစ်ပြီး မိနစ် ၃၀ မှာ ဂျက်ဖာဆင်လာမာက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။



Photos: Daily Mail

 

အာဆင်နယ်အသင်းဟာ အိမ်ရှင်ဘုန်းမောက်အသင်းနဲ့ ပထမပိုင်းစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အာဆင်နယ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု ပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

မိနစ် ၃၀ မှာ လာမာက ကိုလာစီနက်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဟန့်တားရာကနေ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး အာဆင်နယ်အသင်းက အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။ ၄၆ မိနစ်မှာ ဘုန်းမောက်အသင်းက ဒေးဗစ်ဘရွတ်ခ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဂျိုရွှာကင်းက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

Photos: Daily Mail

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ကစားကွက်ပိုင်း ပိုမိုအသာစီးရယူနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ခြိမ်းခြောက်မှု အဖက်ဖက်ကနေ အသာစီးရယူနိုင်ခဲ့ပါတယ်။ ၆၇ မိနစ်မှာ ကိုလာစီနက်ရဲ့ ပေးပို့မှုကနေတစ်ဆင့် အူဘာမီယန်းက အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ အာဆင်နယ်အသင်းကို ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ ကစားသမားအများအပြား အလဲအလှယ်ပြုလုပ်ခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားရဲ့ကာကွယ်မှုကြောင့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်အသင်းက ၂ ဂိုး ၁ ဂိုုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က