စံထိပ်ထားဦးလေးက အခုဆိုရင် ၁၆ နှစ်ပြည့်ပါပြီ။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မေမေခိုင်သင်းကြည်က သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားတွေကိုလည်း အခုလို ပြောပြ ခဲ့ပါတယ်။



Photo: ခိုင်သင်းကြည်

 

သရုပ်ဆောင် ခိုင်သင်းကြည် နဲ့ ကိုခန့်နိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးကတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မွေးနေ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ သမီးလေး စံထိပ်ထားဦးအတွက် ခိုင်သင်းကြည်က အခုလို မွေးနေ့ဆုတောင်းစကားပြောပြထားပါတယ်။

''Happy Birthday မေမေ့အချစ်ဆုံးထိပ်ထိပ်လေး။ လွန်ခဲ့တဲ့ ၁၆နှစ် က စိတ်ပူပန်ခြင်းများစွာနဲ့မွေးဖွားခဲ့ရတဲ့ပေါင်မပြည့်လမစေ့တဲ့ မေမေ့ သမီးလေးကခုချိန်မှာ မေမေ့နဲ့ဖေဖေရဲ့အချစ်ရဆုံးလေးဖြစ်နေပါပြီ။ သမီးလေးရဲ့၁၆နှစ်ပြည့်မွေးနေ့ကစပြီးကျန်းမာပါစေ။ အန္တရာယ် ကင်း ဘေးရှင်းပါစေ၊ ဘုရားတရားသံဃာနဲ့မိဘဆရာအပေါ်သိတက်နားလည်ပြီးကျေးဇူးဆပ်နိုင်တဲ့ သမီး အလိမ္မာလေးဖြစ်ပါစေ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

Photo: ခိုင်သင်းကြည်

နောက်ထပ်မောင်နှမတွေ မလိုချင်တဲ့အကြောင်းရင်ဖွင့်လာတဲ့ စံထိပ်ထား 

စံထိပ်ထားဦးရဲ့ မွေးနေ့လေးကတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့မှာတော့ ဟယ်ပင် ကလေးဆေးရုံမှာရှိတဲ့ ကလေးငယ်တွေအတွက် အာဟာရ ဒါန အလှူအတန်းတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မေမေ ခိုင်သင်းကြည်ရဲ့ ပရိသတ်တွေရော၊ စံထိပ်ထားဦးကို ချစ်တဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းပေးထားကြပါသေးတယ်။

Photo: ခိုင်သင်းကြည်

 

စံထိပ်ထားဦးက လက်ရှိမှာတော့ မေမေ ခိုင်သင်းကြည်နဲ့အတူ အနုပညာအလုပ်တွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အခုဆိုရင် တီဗီကြော်ငြာတော်တော်များများ ရိုက်ကူးနေတာဖြစ်ပါတယ်။ ရရှိလာတဲ့ အနုပညာကြေးတွေကိုလည်း မိဘနှစ်ပါးကို အကုန်အပ်တယ်လို့ ဆိုပါတယ်။

'' ကိုယ်ရရှိထားတဲ့ အနုပညာကြေးထဲကပဲ ထိပ်ထိပ် ဝယ်ပေးထားတာပါ။ ကိုယ့်အတွက် ပေးထားတဲ့ဟာ ဆိုပေမယ့်လည်း မေမေ့ကြောင့်ပဲ ထိပ်ထိပ်ကို လာပြီးတော့ ကမ်းလှမ်းကြတာပါ။ ထိပ်ထိပ်သာ ဘာမှမဟုတ်ဘူးဆို ဘာမှလည်း ကမ်းလှမ်းကြမှာ မဟုတ်ဘူး။ ဒီလိုလည်း လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ မေမေ့ကြောင့်မို့လို့ပဲ အကုန်ဖြစ်လာတာ'' လို့ သူကပြောပါတယ်။

Photo: ခိုင်သင်းကြည်

 

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က