ပီအက်စ်ဂျီကို ပြောင်းမယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ပြင်သစ်လီဂူဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းဟာ လီဗာပူးအသင်းကို အနိုင်ယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။



gettyimages-1062834378.jpg

Photos: Metro

ယာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ယခုရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဗုဒ္ဓဟူးညနေပိုင်းမှာ ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းကို ပြန်အနိုင်ယူပြလိမ့်မယ်လို့ ဟာဇက်က ပြောကြားခဲ့တာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ပီအက်စ်ဂျီအသင်းဟာ ယခုရာသီမှာ ၁၄ ပွဲဆက်တိုက်နိုင်ပွဲရရှိထားပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အီဒင်ဟာဇက်က ပီအက်စ်ဂျီအသင်းနဲ့ အရင်တုန်းက ပြောဆိုဆွေးနွေးခဲ့ဖူးပေမယ့် ပြောင်းရွှေ့ဖို့အလားအလာရှိတယ်ဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။

Photos: Sky Sports

 

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဟာဇက်ဟာ ၎င်းရဲ့ကစားသမားဘဝ ကျန်ရှိနေတဲ့အချိန်အားလုံးကို ချယ်ဆီးအသင်းမှာ ကုန်ဆုံးနိုင်ခြေရှိပေမယ့် အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုဖြစ်ခဲ့ရင် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဂူးဝမ်းရဲ့အဆင့်အတန်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ ပီအက်စ်ဂျီအသင်းအတွက် လွယ်ကူနေသလို ထင်မြင်မိကြောင်းနဲ့ ပီအက်စ်ဂျီအသင်းက အားလုံးကို အနိုင်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

"လီဂူးဝမ်းရဲ့အဆင့်အတန်းအရ ပီအက်စ်ဂျီအသင်းက အပတ်တိုင်း လမ်းလျှောက်နေသလိုပဲ"

"သူတို့ ချန်ပီယံလိဂ်မှာ ကစားတဲ့အချိန်ကျရင် သူတို့က လွယ်ကူလိမ့်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"

"ကျွန်တော် လီဂူးဝမ်းကို မသုံးသပ်ချင်ပါဘူး။ ဒါပေမယ့် အဲဒါကတော့ အမှန်ပါပဲ။ ကျွန်တော် ပီအက်စ်ဂျီကို မြင်တဲ့အချိန်မှာ လွယ်ကူနေသလိုပဲ"

"လီဗာပူးအသင်းက ကောင်းမွန်တဲ့အသင်းပါ။ ထိပ်တန်းတိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ ဆာလာ၊ ဖာမီနို၊ မာနေးတို့ ရှိပါတယ်"

"ဒါပေမယ့် ပီအက်စ်ဂျီက အားလုံးကို အနိုင်ယူနိုင်ပါတယ်။ ကောင်းမွန်တဲ့နေ့တစ်နေ့ဆိုရင် ပီအက်စ်ဂျီက အကုန်လုံးကို အနိုင်ယူနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က