မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ စနေနေ့က ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့် ပွဲပြီးဆုံးတဲ့အထိ ရဲရင့်စွာကစားပေးခဲ့တဲ့ နောက်ခံကစားသမား လင်ဒီလော့ဖ်ကို ချီးကျူးခဲ့ပါတယ်။ လင်ဒီလော့ဖ်ဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ပြီးဆုံးခါနီးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပေမယ့် ကစားသမား ၃ ဦးအထိ လဲလှယ်ခဲ့ပြီးဖြစ်တာကြောင့် လူစားလဲနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
Photos: 101greatgoal
လင်ဒီလော့ဖ်ဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိထားလျက်နဲ့ ဆက်လက်ကစားခဲ့တဲ့အကျိုးဆက်အနေနဲ့ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနဲ့မန်ယူအသင်း ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ထိပ်ဆုံးလေးနေရာနဲ့ ၇ မှတ်ကွာဟနေပြီး လင်ဒီလော့ဖ် ဒဏ်ရာရရှိသွားတာဟာ နည်းပြမော်ရင်ဟိုအတွက် ဖိအားတွေ နောက်ထပ်ဝင်သွားစေခဲ့တာဖြစ်ပါတယ်။
Photos: 101greatgoal
"သူတို့တွေ လက်ရွေးစင်အသင်းမှာ ကစားနေတဲ့အချိန်မှာဆိုရင် ဒဏ်ရာမရကြပါဘူး။ သူတို့ ကလပ်အသင်းကို ပြန်လာတယ်။ သူတို့တွေ ကလပ်အသင်းမှာ ဒဏ်ရာရကြတယ်။ သူ(လင်ဒီလော့ဖ်) လွန်ခဲ့တဲ့ ၃ ရက်လား၊ ၂ ရက်လား အဲဒီတုန်းက ဆွီဒင်အသင်းအတွက် ရုရှားနဲ့ပွဲမှာ ကစားပေးခဲ့တယ်။ ဟုတ်တာပေါ့၊ ကျွန်တော်တို့ သူ့ကိုလိုအပ်တယ်။ သူ ကစားခဲ့တယ်။ သူက အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
"သူက အရမ်းကို ရဲရင့်တဲ့ကစားသမားတစ်ယောက်ပါ။ သူ့ကိုယ်သူ အပြစ်ပေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူဘယ်လောက်ကြာကြာ နားနေရမယ်ဆိုတာ ဘယ်သူ သိမှာမို့လို့လဲ။ ဒါပေမယ့် အရမ်းကိုမိုက်တဲ့ဥပမာတစ်ခုပါ"လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ယန်းဘွိုင်းနဲ့ပွဲစဉ်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။