အရမ်းကို အားပေးခဲ့ရတဲ့သူပါတဲ့။

သရုပ်ဆောင် ခါရာက သူငယ်ငယ်လေးကတည်းက အားကျခဲ့ရတဲ့ သရုပ်ဆောင် နိုင်းနိုင်းနဲ့ အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားရိုက်ခွင့် ရခဲ့တဲ့ ခံစား ချက် ကို ပြောပြလာပါတယ်။ စိတ်လှုပ်ရှားပြီး အနားတောင် မကပ်ရဲခဲ့ပါဘူးတဲ့။

Photo: ခါရာ

 

သရုပ်ဆောင်ခါရာအတွက်တော့ သရုပ်ဆောင်နိုင်းနိုင်းက ငယ်ငယ်လေးကတည်းက အားပေးလာရတဲ့ မင်းသားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ '' အဆိပ်ရှိလူရိုင်း'' ရုပ်ရှင်ဇာတ်ကားထဲမှာ နိုင်းနိုင်းနဲ့ အတူပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ခါရာ ရဲ့ ခံစားချက်တွေကိုလည်း မီဒီယာ တွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကိုနိုင်းရဲ့ ထူးခြားချက်က အက်ရှင်မှာ တော်တော်လေး မိုက်တယ်ဗျ။ သူ့ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကျရင် တွေ့ရမှာပါ။ တော်တော်လေး အထာကျတယ်။ ပြီးတော့ ဖိုက်တဲ့အချိန်မှာ ကိုယ်နေဟန်ထားတွေလည်း သဘောကျတယ်။ ကျွန်တော်ကလည်း အရင်ကတည်းက ကိုနိုင်းနိုင်း နဲ့ အရမ်းရိုက်ချင်တာ အခုလို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုစတီးလ် ကားထဲမှာ ကျွန်တော် အားကျရတဲ့ သရုပ်ဆောင်နဲ့ ဖိုက်တင်းဇာတ် ဝင်ခန်း တွေမှာ ချခဲ့ရတာဆိုတော့ အမှတ်တရလည်းဖြစ်တယ် အရမ်းလည်းကြိုက်တယ်'' လို့ဆိုပါတယ်။

Photo: ခါရာ

 

ခါရာက '' အဆိပ်ရှိ လူရိုင်း'' ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးတဲ့အချိန်မှာလည်း နိုင်းနိုင်းအပေါ် ရှိန်ခဲ့မိတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ကွင်းပေါ်က အမှတ်တရတွေကိုလည်း နိုဝင်ဘာလ ၂၃ ရက်နေ့ ညက '' အဆိပ်ရှိ လူရိုင်း'' ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့ ပါတယ်။

'' ကိုနိုင်းနိုင်းက ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်လာရတဲ့ မင်းသားတစ်ယောက်ဆိုတော့ သူနဲ့ရိုက်ရတာ ရှိန်တာပေါ့နော်။ စီနီယာလည်း ဖြစ်တယ်။ ကိုယ်အရမ်းကြိုက်တဲ့ မင်းသားဆိုတော့ အပြင်မှာတွေ့ရင် အရမ်းရှိန်တယ်လေ။ ကပ်တောင်မကပ်ရဲဘူး။ နောက်ပိုင်းကျတော့ ရိုက်ရင်းနဲ့ ကိုနိုင်းနိုင်းက အရမ်းသဘောကောင်းတယ်။ အများကြီးလည်း သင်ပေးတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: ခါရာ

ဒီနှစ်သီတင်းကျွတ် မိုးကုတ်မှာ ရှိမယ်ဆိုတဲ့ ခါရာ 

'' အဆိပ်ရှိ လူရိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသ သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ ရွှေသမီး၊ အိစိကွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo: ခါရာ

 

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က