ချယ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား ခရစ်ရှန်ပူလီဆစ်ကို ခေါ်ယူနိုင်ဖို့ တစ်ကြိုပေးခံနေရပြီး ပူလီဆစ်ကတော့ ချယ်ဆီးအသင်းကို ယခုရာသီကုန်မတိုင်မီမှာ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း အရိပ်အမြွက် ပြောဆိုထားသူဖြစ်ပါတယ်။
Photos: 90 Min
ပူလီဆစ်ဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၀ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိသေးသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေကတည်းက ချယ်ဆီးအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
ချယ်ဆီးအသင်းအပြင် လီဗာပူးအသင်းကလည်း ပူလီဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ပူလီဆစ် ၁၆ နှစ်အရွယ်တုန်းက ဒေါ့မွန်ပထမအသင်းနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ဖို့ ခေါ်ယူပေးခဲ့သူဖြစ်ပါတယ်။
Photos: 90 Min
Mirror ရဲ့ ရေးသားချက်အရ ဒေါ့မွန်အသင်းဟာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ပူလီဆစ်ကို ရောင်းချဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပြီး ချယ်ဆီးအသင်းကလည်း တကယ်လို့ လာမယ့်နွေရာသီမတိုင်ခင်အထိ အသင်းကို မပြောင်းရွှေ့လာသေးဘူးဆိုရင်တောင်မှ ပူလီဆစ်ကို ပေါင်သန်း ၇၀ နဲ့ စိတ်ချရအောင် သဘောတူညီမှုရယူထားဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ပြည်တွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းတစ်သင်းတည်းက ကြီးစိုးနေမှုကို အဆုံးသတ်နိုင်ဖို့ နီးစပ်နေချိန် ရာသီဝက်မှာတော့ အရေးကြီးတဲ့ကစားသမားကို ထွက်ခွာခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။