မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်အလှူလေးလည်းဖြစ်ပါတယ်။

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း တို့က နိုဝင်ဘာလ ၂၆ ရက်နေ့ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးမှာ ဗိုက်ထဲမှာရှိတဲ့ သားလေးနဲ့အတူ အလှူအတန်းတွေလုပ်ခွင့်ရတဲ့ သူ့ရဲ့ ခံစားချက်ကို ဆက်လက်ပြော ပြထားပါတယ်။

Photo: နန်းမြတ်

 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ မင်္ဂလာ နှစ်ပတ်လည် အမှတ်တရအဖြစ် နိုဝင်ဘာလ ၂၆ ရက်နေ့ က ဟယ်ပင်ကလေးဆေးရုံမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ နန်းမြတ် ဖြိုးသင်းက ပြောပါတယ်။

'' တစ်နှစ်ပြည့်မှာ သားသားလေးနဲ့အတူပြုလုပ်ဖြစ်တဲ့အလှူလေး။ စိတ်ချမ်းသာလိုက်တာ ဟယ်လ်ပင်ကလေးဆေးရုံမှာ လူ ၃၀၀ စာ အတွက် အာဟာရအလှူ နည်းနည်းစီမဟုတ်ပဲ အလျှံပယ်ကိုလှူရတာ တစ်နာရီလောက် ဝေလိုက်ရတယ်။ လှူချင်ရင် white boardပေါ်မှာပါတဲ့ နံပါတ် ကိုဆက်သွယ်လို့ရပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: နန်းမြတ်

 

နန်းမြတ်ဖြိုးသင်းက အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူအပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေကို နန်းမြတ်က ကျေးဇူးတင်တယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

'' စုလျားရစ်ပတ်မင်္ဂလာတစ်နှစ်ပြည့်ပြီ။ အချိန်ကုန်တာမြန်ပေမယ့်အဲ့အချိန်လေးတွေပြန်တွေးတိုင်းပျော်ရွှင်ကြည်နူးရပါတယ်။ ခုဆို သားသား လေး လဲ ကိုယ်ဝန်လွယ်ထားရပြီ။ နောက်နှစ်တွေဆိုသုံးယောက်ဖြစ်နေပြီ။ တစ်နှစ်တာအတွင်းစိတ်ချမ်းသာစရာတွေနဲ့ ပဲကြုံခဲ့ရလို့ ခင်ပွန်းနဲ့ နှစ်ဖက်မိသားစုအသိုင်းအဝိုင်းတွေကိုလဲကျေးဇူးအများကြီးတင်မိတယ်''လို့ ဆိုပါတယ်။

Photo: နန်းမြတ်

ခင်ပွန်းအတွက်မင်္ဂလာနှစ်ပတ်လည် စကားလက်ဆောင်ပြောလိုက်တဲ့ နန်းမြတ် 

နန်းမြတ်ဖြိုးသင်းက အခုဆိုရင် ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အရင်ကထက် ပိုပြီး ကုသိုလ်ရေးတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

''ရှေ့လျောက်ဖြတ်သန်းရဦးမယ့်ဘဝအချိန်တွေအတွက်လဲအများကြီးကြိုးစားရမယ်။ လူဆိုတာခဏလေးအတွင်းလဲသေသွားနိုင်တာမို့ ရရှိ ဖြတ်သန်းနေတဲ့ဘဝအချိန်အတွင်းမှာအကုသိုလ်အကင်းဆုံးနဲ့သံသရာအတွက်ပါရည်ရွယ်ဖြတ်သန်းသွားမယ်။ မကောင်းမှု ရှောင် ကောင်းမှု ဆောင် စိတ်ကိုဖြူအောင်ထား ပွင့်လေပီးသောမြတ်စွာဘုရားအားလုံးရဲ့တူညီတဲ့အဆုံးအမ အားလုံးပျော်ရွှင်ပြည့်စုံတဲ့ ဘဝတွေကိုဖြတ်သန်း နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: နန်းမြတ်

 

အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းရဲ့ ကိုယ်ဝန်ဟာ ၆ လကျော် ၇ လထဲကို ရောက်နေပြီဖြစ်ပါတယ်။ ရင်သွေးလေးက သားလေး ဖြစ်တာ ကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားတာ ဖြစ်ပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က