စိတ်လည်း မကောင်းဘူး၊ ဝမ်းနည်းပါတယ်တဲ့။

စံထိပ်ထားဦး က အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ကတည်းက ဝေဖန်တိုက်ခိုက်မှု အနည်းအများကို ခံခဲ့ရသူလေးဖြစ် ပါတယ်။ သူမဟာ အသက် ၁၆ နှစ်သာရှိသေးတဲ့အတွက် ဒီဝေဖန်မှုတွေအပေါ် ဖြစ်တည်လာတဲ့ ခံစားချက်ကို အခုလို ရင်ဖွင့် ပြောပြခဲ့ပါတယ်။

Photo: စံထိပ်ထားဦး

 

ခိုုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကတော့ လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်လေးတွေရဲ့ အောက်မှာ ချစ်တဲ့သူတွေရှိသလို ဝေဖန်တိုက်ခိုက်တဲ့ Comment တွေလည်း ရှိတယ်ဆိုတာကို Duwun Media ကနေ တဆင့်ပြောပြလာပါတယ်။

'' ပြောတဲ့သူက ပိုများလာတယ်။ Facebook ထက်စာရင် Instagram က viewer နည်းတယ်။ နည်းတော့လည်း ဒီအတိုင်းလေးပဲ တင်လိုက် တာပါ။ ဒါပေမယ့် ဘယ်လိုဖြစ်လို့ အဲ့ဒီလိုတွေ ပြန့်သွားလည်း မသိဘူး။ ဘာမှကို ပြင်မထားတာပေါ့နော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ က စံထိပ်ထားဦးရဲ့ မွေးနေ့မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: စံထိပ်ထားဦး

 

စံထိပ်ထားဦး ကို ဝေဖန်တိုက်ခိုက်သူတွေကလည်း မိခင်နဲ့ ယှဉ်ပြီးတော့ ဝေဖန်လာတာတွေရှိတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာ ပါ တယ်။ သမီးနဲ့ အမေဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကလည်း နားလည်မှုအပြည့်အဝ ထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

" အမေ နဲ့ ယှဉ်တာကတော့ သမီးတို့ နှစ်ယောက်က ဘာမှမဖြစ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာလည်း သိပြီးသားဖြစ်တယ်။ ဒါပေ မယ့် တခြားလူတွေက ပြောတော့လေ သွေးခွဲသလိုကြီးတော့ ဖြစ်တာပေါ့လေ။ ဒါပေမယ့် ထိပ်ထိပ် တို့ကတော့ ဘယ်လောက်ပြောပြော ဘာမှ မဖြစ်ဘူး။ အမေနဲ့ သမီးဆိုတော့လည်း နားလည်မှုလွဲတာမျိုး မရှိပါဘူး'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: စံထိပ်ထားဦး

သမီးလေးအတွက် မေမေခိုင်သင်းကြည်ရဲ့ မွေးနေ့ဆုတောင်း 

သူမဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဝေဖန်တိုက်ခိုက်တာကို ခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာရှိသေးတဲ့အတွက် ဒီ ဝေဖန်မှုဒဏ်တွေကိုလည်း ခံစားရတဲ့ အကြောင်းတွေကိုလည်း ဆက်လက်ရင်ဖွင့်ထားပါသေးတယ်။

''  မကောင်းတဲ့ဟာတွေ စုပြီးတော့ ခံစားရတာပေါ့။ စိတ်တိုတာရော၊ ဝမ်းနည်းတာရော အကုန်လုံး စုသွားတာပေါ့။ ဒါပေမယ့်လည်း ဖုန်းချ လိုက်တဲ့ အချိန်မှာတော့ အကုန်လုံးပျောက်သွားတာပါပဲ။ ဒါပေမယ့် ပြောကြတာကတော့ အကောင့်အစစ်နဲ့ရော အကောင့်အတုနဲ့ရော ပြော ကြ တာ ပေါင်းစုံပါပဲ'' လို့ ဆိုပါတယ်။

Photo: စံထိပ်ထားဦး

 

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကိုတော့ လက်ရှိမှာ စာကိုပဲ အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေးကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က