၎င်းရဲ့နည်းပြသာအဲဒီလိုုလုပ်ရင် အရမ်းဒေါသထွက်မိမယ်လို့ ပြောခဲ့တာပါ။

ဂယ်ရီလိုင်နီကာဟာ ယန်းဘွိုင်းစ်နဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ဂိုးသမားနဲ့ တစ်ယောက်တည်း တွေ့ဆုံရာမှာ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်အမူအရာလုပ်ပြခဲ့တဲ့ နည်းပြမော်ရင်ဟိုကို ဝေဖန်ပြစ်တင်လိုက်တာဖြစ်ပါတယ်။

NINTCHDBPICT000452245096.jpg

Photos: Samford Crimson News


မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ လုခ်ရှော ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းယူရာမှာ ဂိုးသမားကို ကျော်ပြီး သွင်းယူခဲ့ပေမယ့် ဘောလုံးက ဂိုးဘားတန်းပေါ်ကပါ ကျော်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးပေါက်လွဲချော်မှုကို မြင်တွေ့ခဲ့ရပြီးနောက် ကွင်းကို ကျောခိုင်းပြီး စိတ်ပျက်လက်ပျက်အမူအရာမျိုး လုပ်ပြခဲ့တာဖြစ်ပြီး ကင်မရာက မော်ရင်ဟိုရဲ့တုံ့ပြန်မှုကို အမိအရ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

 

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာက မော်ရင်ဟိုရဲ့အပြုအမူနဲ့ပတ်သက်ပြီး အထင်ကြီးလေးစားခြင်းမရှိဘဲ BT Sport ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"ကျွန်တော့်နည်းပြသာ အဲဒီလိုလုပ်တာ ကျွန်တော် တွေ့ခဲ့မယ်ဆိုရင် လုံးဝကို ဒေါသအကြီးအကျယ်ထွက်မိမှာ အသေအချာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ် အပိုင်ဂိုးသွင်းခွင့် လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းပြီးဆုံးခါနီး မိနစ် ၉၀ မှာ ဖယ်လိုင်နီက မန်ချက်စတာယူနိုက်တက်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်ဖို့သေချာစေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က